Naughty Valentine ( 2 )

16.5K 1.1K 34
                                    

Unicode

Valentine Special Part ( 2 )

ကျွီခနဲကားရပ်သံ။

ကားမှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ ကားတစ်စီးက အရှိန်ပြင်းပြင်းဘရိတ်အုပ်လျက် ထိုးစိုက်လာသည်။

စိုးရိမ်တကြီးနဲ့ ပြေးလာတဲ့ နေဦးထွဋ်ကို မြင်လိုက်တာနဲ့ လွန်းရင်ထဲက အပူလုံးကြီးက ဟုတ်ခနဲအောက်ကို ပြုတ်ကျသွားပြီ။

တစ်ဆက်တည်းမှာပင် နေဦးထွဋ်ရဲ့ အနောက်မှာ ကားပေါ်က လိုက်ဆင်းလာတဲ့ ကိုကိုနဲ့ မမစုံကိုပါတွေ့လိုက်ရသည်။

ဟင် ဘယ်လိုလုပ်ပြီး သူတို့တွေက အတူတူရှိနေရတာပါလိမ့်။ မနက်က ကိုကိုပြောသွားတော့ မမစုံနဲ့ ကိုကိုနဲ့ Valentine Day နှစ်ယောက်တည်း ဒိတ်မှာဆိုပြီး။

မမစုံနဲ့ ကိုကိုကလည်း လွန်းကို စိုးရိမ်နေကြပုံပါပဲ။

"လွန်း.. ဘယ်လိုဖြစ်ရတာလဲကွာ"

နေဦးထွဋ်ကို ကြည့်ရတာ စိုးရိမ်စိတ်တွေကြောင့် ဒေါသထွက်နေဟန်။ တစ်နေကုန်အလုပ်များနေတာကြောင့် ပင်ပန်းနေဟန်လည်း တူသည်။

လွန်း စောစောကရှိနေခဲ့တဲ့ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေရဲ့ အရှိန်နဲ့ နေဦးထွဋ်ကို ပြဿနာရှာဆိုးပစ်လိုက်မယ်ဆိုတဲ့ အတွေးတွေက ပျောက်သွားသည်။ ဝမ်းနည်းစိတ်နဲ့အတူ အားငယ်စိတ်တစ်ချို့တစ်ဝက်လည်း ဝင်လာသည်။

"ကျွန်တော် ဘတ်စ်ကားမှားစီးလိုက်လို့ပါ ဦးထွဋ်"

အရင်ကလို အမြဲပြောနေကြ အကန်တွေ မပြောဖြစ်။

"ဘတ်စ်ကားက စီးနေကြလည်းမဟုတ်ပဲနဲ့ ဘာလို့စီးရတာလဲ ပြောတော့ မင်းတက္ကစီနဲ့လာမှာဆို"

နေဦးထွဋ်က တစ်ခုပြီး တစ်ခု အပြစ်ရှာသလိုမေးနေတော့ လွန်းပိုပြီးတော့ ဝမ်းနည်းလာသည်။

"ကျွန်တော် ပိုက်ဆံကုန်သွားလို့ပါ .. အင်္ကျီဝယ်လိုက်တာ ဘတ်စ်ကားခဖိုးပဲ ကျန်လို့"

လွန်းက အမှန်အတိုင်းပြောလိုက်တာ။ ဒါပေမယ့် နေဦးထွဋ်ရဲ့ မျက်နှာ ပိုရဲလားပြီး စိတ်ဆိုးသွားဟန်။

"ဘာလို့ အင်္ကျီဝယ်ရတာလဲ မင်းမှာ ဝတ်စရာအင်္ကျီမရှိလို့လား"

My Crush Is A FujoushiWhere stories live. Discover now