Chapter (22)

23.6K 2.2K 38
                                    

Unicode

**********

'' ရှင်း.. လွန်းနဲ့က အခုထိ မပြေလည်နိုင်သေးဘူးလား.. ''

စုံစုံ မိမိရဲ့ မျက်စိရှေ့တွင် ထိုင်ကာ သနားစရာ မျက်နှာငယ်လေးနှင့် ခေါင်းခါပြနေသော ရှင်းခန့်မောင်ကို အားမလို အားမရဖြစ်ကာ ကိုင်ဆောင့် ပစ်လိုက်ချင်စိတ်တွေပေါက်လာသည်။ လှည်းတန်း IT လက်ဖက်ရည်ဆိုင်တွင် ရှင်းခန့်မောင်နှင့် စုံစုံတို့ နှစ်ယောက် ထိုင်နေကြခြင်း ဖြစ်သည်။

'' အဲ့နေ့က လူတွေကြားထဲမှာမို့ ဘာမှမပြောတာတဲ့... ဒါပေမယ့် အရမ်းစိတ်ဆိုးတယ်တဲ့.. ကိုယ့်ကိုလည်း ခြံခုန်တဲ့နွားကြီးလို့ ပြောသွားတယ်.. ''

ရှင်းက တမင်ပင် ကိုယ့်ကိုယ်ကို ဇာတ်နာအောင် ပစ်ပစ်ခါခါတွေ ပြောခံရသလို ဟန်ဆောင်လိုက်လေသည်။ လွန်းနဲ့က ဘယ်လိုမှအဆင်မပြေတော့ပါ ဆိုသော လမ်းကြောင်းကို အတင်းဆွဲခေါ်ယူဖို့ ကြိုးစားမိခြင်း ဖြစ်သည်။ သို့သော် ရှင်းခန့်မောင် ထိုသို့ ပြောလိုက်သောအခါ စုံစုံက အားမရဟန်ဖြင့် စားပွဲကို ဖြန်းခနဲ ပုတ်လိုက်သဖြင့် ရှင်းခန့်မောင် တွန့်ခနဲပင် ဖြစ်သွားလေသည်။

'' အဲ့ဒါ အတင်းလိုက်ရှင်းပြလေ.. သူတို့က စုံစုံ့ ကလေးတွေပါ.. ကိုယ်က မင်းတစ်ယောက်တည်းကိုဘဲ ချစ်တာပါဆိုပြီးတော့လေ.. တစ်အိမ်တည်းတူတူနေပြီး တစ်နေ့ကို နာရီ ၂၀ လောက်တွေ့နေရတာကို ..ရအောင် မရှင်းပြနိုင်ဘူးလား.. ''

စုံစုံ စိတ်တိုနေသည်ထင်သည်။ လေသံက တဖြေးဖြေးနှင့် Level မြင့်လာသည်။

ရှင်းခန့်မောင် တမင်ပင် မျက်နှာကို အိုချထားလိုက်ကာ ခေါင်းခါပြလိုက်လေသည်။

'' ဟာ.... စုံစုံ ဒီလောက် လုပ်ပေးထားတာကို ရှင်းရာ.. ဒီလောက်တောင် အဖြစ်မရှိတော့ဘူးလား...''

စုံစုံက မချင့်မရဲဖြင့် ရေရွတ်လိုက်ပြီးနောက် စိတ်ရှုပ်လာဟန်ဖြင့် လေပူတွေကို ချထားသည့် ဆံပင်လေးတွေကို လက်တွင် ချည်ထားသော ချည်ခေါင်းစည်းကွင်းလေးနှင့် စုစည်းလိုက်သည်။ ပြီးတော့မှနှဖူးပေါ်တွင် ကျနေသော ဆာမူရိုင်းဆံပင်လေးတွေကို လေဖြင့် တဖူးဖူး မှုတ်ကာ စိတ်လျှော့နေလေသည်။

My Crush Is A FujoushiWhere stories live. Discover now