Mission Accomplish !!

36.2K 2.6K 182
                                    

Unicode

**************

မျက်နှာပေါ်ကို ကျရောက်လာသော လေနုအေးကြောင့် နေဦးထွဋ် အိပ်ရာမှ နိုးလာသည်။ ကန့်လန့်ကာများမှ ဖြတ်ကာ ကျရောက်လာသော မနက်ခင်းရဲ့ နေရောင်ခြည် နွေးနွေးက နေဦးထွဋ်ကို အိပ်ရာက ထဖို့ တိုက်တွန်းနေသယောင်။ ထို့နောက် ချက်ချင်းပင် ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေးရှိတယ်ဆိုတာကို သတိရလိုက်သည်။ နိုင်ငံတော်ပွဲတစ်ခုအတွက် ပွဲကျင်းပသည့် လေလံတင်နိုင်ရန်အတွက် Proposal တင်ရမည့်နေ့။

စောစောက အလုပ်သွားဖို့ ပြင်ဆင်ရတော့မည်ပေါ့။

နေဦးထွဋ် ခေါင်းကြည်အောင် တစ်ချက် သမ်းဝေလိုက်သည်။ ထိုအချိန်မှာပင် ရင်ခွင်ထဲမှာ နွေးအိနူးညံ့နေသော ကိုယ်လုံးလုံးလေးတစ်ခုကို ဖက်ထားတယ်ဆိုတာ သတိရသွားလေသည်။ နေဦးထွဋ်နှင့် စောင်တစ်ခုတည်းအောက်မှာ ခန္ဓာကိုယ်ချင်း ထိကပ်နေလျက် အိပ်ပျော်လျက်ရှိသော လွန်းရတု။ တစ်ဆက်တည်းမှာပင် မနေ့ညက နှစ်ဦးသားနှစ်ကိုယ်တူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရများကို တစ်ခုချင်းဆီ တိတိကျကျ ပြန်မြင်ယောင်လာမိသည်။

နောက်ဆုံးတော့ နေဦးထွဋ် လွန်းရတုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ နှစ်ဦးတူချစ်ရည်လူးတဲ့အချိန် နေဦးထွဋ်ရဲ့ လှုပ်ရှားမှုတစ်ချက်တိုင်းမှာ နေဦးထွဋ်အပေါ်ထားတဲ့ လွန်းရဲ့အချစ်ကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့သည်။

ကျေနပ်ခြင်းအပေါင်းသရဖူဆောင်းပြီး ဗိုလ်အောင်ဒင်လို အပြုံးမျိုးပြုံးလိုက်မိသည်။

ရင်ခွင်ထဲမှာက လွန်းကို ကြည့်လိုက်တော့ နေဦးထွဋ် ရင်ခွင်ထဲမှာ အံဝင်ခွင်ကျ ကျောလေးပေးလျက် ငြိမ်သက်နေသည်။ မနေ့ညက နေဦးထွဋ် ဝတ်ခဲ့တဲ့ ရှပ်အကျီလေးကို ဝတ်ထားသည်။ နေဦးထွဋ် ကိုယ်တိုင် ဝတ်ပေးခဲ့တာ။ အသက်ရှုသံမျှင်မျှင်လေးမှအပ မွှေးပွအရုပ်လေးတစ်ရုပ် ရင်ခွင်ထဲ ထည့်ဖက်ထားရသလို။ ကျောပေးထားတာတောင် မြင်နေရတဲ့ ဆံသားနုနုလေးတွေက လေနှင့် အတူယိမ်းနွဲ့လျက် ။ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်လို။

ရုတ်တရတ် အသည်းယားလာပြီး အတင်းအကြပ်ဖက်ကာ မြင်နေရသော လည်တိုင်နုနုလေးကို ဖိကပ်နမ်းမိတော့ လွန်းအိပ်ရာက လန့်နိုးသွားရှာသည်။

My Crush Is A FujoushiWo Geschichten leben. Entdecke jetzt