Chapter (34)

23.5K 2.5K 120
                                    

Unicode

****************

မနက် ရှစ်နာရီခွဲနေပြီ။ လွန်း ကျောင်းတက်ဖို့ ပြင်ဆင်ပြီး အိပ်ခန်းထဲကနေ အူယားဖားယား ထွက်လာကာ ဧည့်ခန်းကို ပြေးထွက်လာခဲ့သည်။

ရှင်းခန့်မောင်က အချိန်နောက်ကျရင် လွန်းကို အော်ပေလိမ့်မည်။

ရှင်းခန့်မောင် တစ်ယောက် အချစ်ရေး အဆင်မပြေနေသော အချိန်ကာလ ဖြစ်သည့်အတွက် မျက်စိရှေ့က မည်သည့်အရာကိုမှ စိတ်တိုင်းကျမည်မဟုတ်။ ထို့ကြောင့် လွန်းက လိမ်လိမ်မာမာ နေပြရမည်လေ။ စိတ်ကောင်းဝင်နေတဲ့အချိန်တောင် အချိန်မတိကျရင် စိတ်ဆိုးတတ်တာ အခုလို အချိန်ဆို ပိုကြောက်ဖို့ ကောင်းသည်။

အခုနောက်ကျနေပြီဆိုတော့ ဧည့်ခန်းက ရှင်းခန့်မောင် စိတ်ဆိုးနေလောက်ပြီ။ ထို့ကြောင့် လွန်းကမန်းကတန်း ပင် ဧည့်ခန်းကို ပြေးထွက်လာခဲ့သည်။

သို့သော် ဧည့်ခန်းတွင် ရှင်းခန့်မောင်ကို မတွေ့ရပေ။ လွန်းမျက်လုံးလေးတွေ ၀ိုင်းခနဲဖြစ်သွားသည်။ နောက်ကျနေလို့များ စိတ်အဆိုးလွန်ပြီး လွန်းကို ထားပြီး ကျောင်းကို ထွက်သွားပြီိလားမသိ။

ထို့ကြောင့် မီးဖိုချောင်ထဲကို ပြေးသွားလိုက်ကာ ဟင်းချက်နေသော ကြီးကြီးနားကို အပြေးသွားလိုက်သည်။

'' ကြီးကြီး.. ကြီးကြီး.. ''

လွန်းရဲ့ ကြီးကြီးက ဟင်းချက်နေရာမှ လှည့်ကြည့်ကာ မေးသည်။

'' ဘာဖြစ်လို့လဲ ကလေး.. အလန့်တကြားနဲ့ကွယ်.. ကျောင်းမသွားသေးဘူးလား.. ''

လွန်း ခေါင်းလေးခါပြကာ အလန့်တကြားမေးလိုက်သည်။

'' ကိုကိုရော... ကိုကို သားကို ထားပြီးကျောင်းသွားပြီလားမသိဘူး.. ''

ထိုအခါ ကြီးကြီးက နားမလည်သလို လွန်းကို ကြည့်ကာ ပြောလာသည်။

'' ဘယ်ကသာ ကလေးရယ်.. သားရှင်းက သူ့အခန်းထဲကတောင် ထွက်မလာသေးဘူး.. ဒီရက်ပိုင်း ဒီကောင်လေး ဘာဖြစ်နေမှန်းမသိဘူး.. ထုံထိုင်းနေတာဘဲ.. မျက်နှာလည်းမကောင်း.. ဘာဖြစ်နေလဲဆိုတာလည်း မေးလို့မရ.. သွားကြည့်ပါဦး.. ''

My Crush Is A FujoushiWhere stories live. Discover now