I Should Be An ~~ !!! Part (3)

29.4K 2.2K 158
                                    

Unicode

***********

'' ကလေး နေကောင်းရဲ့လား..''

စုံစုံက စိုးရိမ်စွာ မေးလိုက်မိတော့ လွန်းက ခပ်နွမ်းနွမ်းမျက်နှာလေးဖြင့် ခေါင်းငြိမ့်ပြသည်။ ကျောင်းရော ကျူရှင်ရော အလုပ်ပါ တွဲလုပ်နေရသဖြင့် ပင်ပန်းနေရှာသည်မှာ သိသာလှသ

'' ရပါတယ် မမရာ.. ကိုယ်လုပ်ချင်တာ လုပ်နေရလို့ ပျော်နေတာ.. ''

လွန်းက မျက်လုံးလေးတွေ ပိတ်အောင် ရယ်ပြပြီးပြောတော့ စုံစုံက ချစ််စနိုးဖြင့် ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွဆွဲလိုက်သည်။

လွန်းက အခုဆိုရင် ကိတ်မုန့်ဆိုင်ခွဲတစ်ခုကို တာဝန်ယူကြီးကြပ်နေရပြီဖြစ်သည်။ ဒါေ ကြာင့် ကျူရှင်က ပြန်တာနှင့် မုန့်ဆိုင်ကို တန်းသွားရသည်။ ညမိုးချုပ်မှ အိမ်ပြန်ရသည်။ ထို့ကြောင့် စုံစုံက ညနေ အလုပ်အားသည့် အချိန်မျိုးဆိုရင် လွန်းရဲ့ ကိတ်မုန့်ဆိုင်လေးမှာ အဖော်လုပ်ပေးနေကြဖြစ်သည်။ အခုလည်း စုံစုံ က ကိတ်မုန့်ဆိုင်မှာ လွန်းနဲ့အတူ အချိန်ဖြုန်းပေးနေတာဖြစ်သည်။

အမှန်ဆို အရင်နေ့က နေဦးထွဋ်ရဲ့ အိုးနင်းခွက်နင်း အခြေအနေကို ပြန်တွေးကာ စုံစုံ နည်းနည်းလေးမှ နေလို့မရ။ စုံစုံ သေချာ သင်ပေးလိုက်တာတောင် လွဲပြီးရင်း လွဲချင်နေသော အခြေအနေအတွက် စုံစုံ တစ်ခုခု ထပ်လုပ်မှ ဖြစ်မယ်ဟု တွေးကာ လွန်းဆီကို တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။

စိတ်မချရရင် စိတ်ချရတဲ့ လူဘက်ကို သေချာ အောင် လုပ်ထားရမည်။

စုံစုံ့ OTP လေး လူမှန် နေရာမှန် ဖြစ်ဖို့ အရေးကြီးသည်လေ။

'' ကိုကြီးနဲ့ရော အဆင်ပြေရဲ့လား.. ''

စုံစုံ မေးလိုက်တော့ လွန်းက နှာခေါင်းလေးကို ရှုံ့ပြသည်။

'' အဲ့လူကြီးနဲ့ ကျွန်တော်နဲ့ တွေ့တောင် မတွေ့ဖြစ်ပါဘူး.. သူက ကျွန်တော် ဒီမှာ လုပ်တာကို မကြိုက်ဘူး.. တွေ့တိုင်း သတ်နေရတယ်..သူကျတော့ တစ်ချိန်လုံး အလုပ်အလုပ် အလုပ်နဲ့ ဖြစ်နေပြီးတော့. ''

လွန်းက ထိုသို့ပြောလိုက်တော့ စုံစုံက ရယ်သည်။

'' သူက ကလေးကို ပင်ပန်းမှာ စိုးလို့နေမှာပါ.. ''

My Crush Is A FujoushiWhere stories live. Discover now