Chapter (33)

25.5K 2.4K 90
                                    

Unicode

************

'' အဲ့ဒါ ကိုယ်က ဘာလုပ်ပေးလို့ ရမှာလဲ ကလေးရဲ့... သူတို့ ဘာသာ သူတို့ ဖြစ်တဲ့ ပြဿနာကို.. ''

နေဦးထွဋ်က လေသံ ခပ်အေးအေးဖြင့် ပြောသည်။ လွန်းစားဖို့အတွက် ယူလာသော ပျားလိမ္မော်သီး သေးသေးလေးတွေကို ( စာရေးသူ စားချင်နေတာတွေ ထည့်ရေးသည် ) ထုတ်ကာ စိတ်ရှည်လက်ရှည် အခွံတစ်ခု ချင်းဆီခွာပေးပြီး ပန်းကန်တစ်ချက်ပေါ်တွင် တင်ပေးနေသည်။ အခုအချိန်တွင် လိမ္မော်သီးအခွံခွာသော ကိစ္စထက် မည်သည့်ကိစ္စ မှ အရေးမကြီးဟန်။

လွန်း နှုတ်ခမ်းလေး ဆူထော်သွားသည်။ ကိုင်ထားသော ချဉ်ခွက်နှင့် Blender ကို စားပွဲပေါ်ကို ဒုန်းခနဲ ဆောင့်ချလိုက်ကာ နေဦးထွဋ်ကို ရူတည်တည် စိုက်ကြည့်သည်။

'' မမစုံက ဦးလေးကြီးညီမဆို.. ''

'' ဟုတ်တယ်လေ.. စုံစုံနဲ့ ကိုယ်နဲ့က အမေညီအစ်မအရင်းတွေက မွေးတဲ့ မောင်နှမတစ်ဝမ်းကွဲတွေ.. ''

နေဦးထွဋ်ကတော့ မသိသလို ပုံစံနှင့် လိမ္မော်သီး အခွာမပျက်။ လွန်း ဘာပြောချင်တာလဲဆိုတာကို သိနေရဲ့သားနဲ့ တမင် မသိချင်ယောင် ဆောင်နေတာ။ အမြင်ကပ်စရာကြီး။

'' ကိုယ့်ညီမကိုယ် နည်းနည်းပါးပါး ပြောပေးပါလားဗျာ... ''

မျက်မှောင်လေး ကုတ်ကာ အော်ပြောလာသော လွန်းကြောင့် နေဦးထွဋ် သဘောကျစွာဖြင့် ပြုံးမိသည်။ ထို့နောက် ခွာပေးထားသော လိမ္မော်သီးလေးတွေကို ယူကာ Cream နယ်နေသော လွန်းနားတွင် ချပေးလိုက်သည်။ ထို့နောက် ပန်းကန်ထဲက လိမ္မော်သီးသေးသေးလေး တစ်လုံးကို ယူကာ ခွ့ံကျွေးသည်။

နေဦးထွဋ် တစ်သက်တွင် မိဘနှစ်ပါးအတွက်မှ အပ မည်သူအတွက်မှ အသီးအခွ့ံနွှာပြီး မကျွေးဘူးခဲ့ပေ။ လွန်းရတုအတွက် ပထမဆုံးအကြိမ်အဖြစ် လုပ်ပေးဖူးခြင်း ဖြစ်သည်။

ကိုယ်က ကလေး မုန့်ပေးကြိုက်မိတာကိုး၊ ဒီလောက်တော့ ကြင်နာယုယပေးရမည်ပေါ့။ အခုလည်း ဒီကလေးပေါက်စကို လိမ္မော်သီး ကျွေးလိုက်ဦးမည်။

နေဦးထွဋ် လိမ္မော်သီးကျွေးတာကို လွန်းက မစားသေးဘဲ မျက်မှောင်လေးကုတ်ကာ မော့ကြည့့်နေသည်။

My Crush Is A FujoushiWhere stories live. Discover now