Chapter (32)

25.1K 2.5K 111
                                    

Unicode

**********************

'' လာ.. လာ.. ကလေးတို့ . နင်တို့ သူငယ်ချင်း အခန်းထဲက အခန်းပြင်မထွက်တာ သုံးရက်ရှိနေပြီ.. ''

စုံစုံ့အမေ ဒေါ်ရွှေစင်က စုံစုံ့အခန်းတံခါးကို ဖွင့်ပေးပြီး အထဲကို ဝင်ဖို့ ညွှန်ပြရင်း ပြောလိုက်သည်။

'' ဟုတ်တယ် အန်တီ.. ကျောင်းပျက်ရက်တွေ များနေရင် မကောင်းလို့.. ခုလို အိမ်တိုင်ရာရောက်လာခေါ်ရတာ.''

ယမုံက သူမဝယ်လာသော မုန့်တွေကို ဒေါ်ရွှေစင့် လက်ထဲကို ထည့်ပေးရင်း ပြောလိုက်သည်။ စုံစုံတစ်ယောက် အခန်းထဲက ကုတင်ပေါ်တွင် စောင်ခေါင်းမြီးခြုံကာ လဲလျောင်းနေပြီး အပြင်ဘက်က ယမုံနှင့် လေအိုးတို့ရဲ့ စကားပြောသံကို ကြားနေရတာတောင် ခေါင်းထောင်ကြည့်မလာ။

စုံစုံ ထိုသို့ ဖြစ်နေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်သည်။ အပြင်လည်း လုံးဝမထွက် ၊ ဖုန်းလည်း ပိတ်ထား၊ Online ကနေလည်း အဆက်အသွယ်လုံးဝမရသဖြင့် အိမ်ထိ လိုက်လာကာ ကြည့်ရသော အခြေအနေကို ရောက်ရှိခဲ့တာဖြစ်သည်။

ယမုံနှင့် လေအိုးက ကုတင်နားသို့ရောက်လာကာ ခေါင်းမြီးခြုံနေသော စုံစုံ့ကို လှုပ်ကြည့်သည်။ သို့သော် စုံစုံဆီက ဘာမှမတုန့်ပြန်လာ။

'' အန်တီရော သူ့အဖေရော မိစုံကို အခန်းထဲကကို ထုတ်လို့မရတာ သမီးရေ.. သူ့အစ်ကိုလည်း ကျောင်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမယ်ဆိုပြီး အိမ်မှာလာစောင့်နေလည်းမရဘူး.. တစ်ချိန်လုံး အခန်းထဲမှာ အသေကောင်လိုဘဲ လှဲကိုနေတော့တာ.. ဒီကိစ္စကို ဒီလောက်ကြီး ဖြစ်သွားစရာ လိုလို့လား.. ''

ဒေါ်ရွှေစင်က ခပ်ပြုံးပြုံးဖြင့် လှဲနေသော စုံစုံ့ တင်ပါကို ဖြန်းခနဲ တစ်ချက်ရိုက်ကာ ထိုသို့ပြောတော့ လေအိုးက ခိခနဲ တစ်ချက်ရယ်သည်။ တင်ပါးကို ခပ်နာနာ အရိုက်ခံလိုက်ရသည်အထိ စုံစုံထံမှ လှုပ်ရှားမှု တစ်စုံတစ်ရာ မတွေ့ရသေးပေ။

ယမုံက စုံစုံ့ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး လေအိုးက စုံစုံ့ စာကြည့်စားပွဲရှေ့က ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ဒေါ်ရွှေစင်ကို ကြည့်ကာ မေးလိုက်သည်။

My Crush Is A FujoushiDonde viven las historias. Descúbrelo ahora