Chapter (25)

25.3K 2.5K 152
                                    

Unicode

**********

🚨🚨Notice - အခု ဒီအပိုင်းကို ဖတ်နေသူများသည် စာမေးပွဲမရှိသူများ၊ စာမေးပွဲပြီးသွားသူများသာ ဖြစ်သင့်ပါသည်။ စာမေးပွဲနီးနေသူများ ဖတ်နေခြင်း မဟုတ်ဘူးဟုသာ မျက်စိမှိတ်ယူဆထားပါသည်။ တက္ကသိုလ်ကျောင်းသားများ ဖြစ်သည့်အတွက် ကိုယ်စာရသည်မရသည်၊ အခုအချိန်တွင် ဘာလုပ်နေသင့်သည်ဆိုတာကို ကိုယ်တိုင် အကောင်းဆုံးသိနေမည် ဆင်ခြင်နိုင်မည်ဟု ယုံကြည်ပါသည်။ 🚨🚨

***************************************************************************************
Family Meeting ၊ မပျက်မကွက်လာရမည်ဆိုသော နေဦးထွဋ်ရဲ့ မိခင်ဖြစ်သူထံမှ Message ကြောင့် နေဦးထွဋ် အလုပ်ပြီးတာနှင့်ချက်ချင်း တန်းပြီးတော့ ချိန်းထားသော ဆိုင်ကို လာရသည်။

ဒီနေ့တစ်နေ့လုံး ဒေါင်ချာစိုင်းအောင် အလုပ်များနေသဖြင့် လူရော စိတ်ရော ပင်ပန်းနေပြီ။ အလုပ်ပြီးတာနှင့် ချက်ချင်း အချိန်ရပါက လွန်းရတုကို သွားတွေ့ဖို့ စဉ်းစားထားသော်ငြား အခုမှု ဘယ်လိုမှသွားတွေ့လို့ရတော့မှာ မဟုတ်။ ဒီတော့ လူက ပိုပြီးတော့ စိတ်ရှုပ်လာရသည်။

မနက်က အသံလေးကြားလိုက်ရတာတောင် နေဦးထွဋ် နေမထိ ထိုင်မသာ။ လွန်းရတုကလည်း တစ်နေကုန် အိပ်နေသည်ထင်သည်။ Facebook တွင်လည်း ဘာပို့စ်မှတက်မလာ။ ထို့ကြောင့် တစ်နေလုံး လွန်းရတုအကြောင်း ဘာအကြောင်းမှ မကြားရသလိုဖြစ်နေသည်။

ဒီတော့ အရမ်းလွမ်းကာ တွေ့ချင်မိသည်ပေါ့။

သို့သော်ငြား မိခင်ဖြစ်သူကိုလည်း မလွန်ဆန်ချင်။ သားဖြစ်သူကို လွတ်လပ်ခွင့်အပြည့်အဝပေးထားသော မိဘများဖြစ်သော်ငြား ထိုလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ကာ မိဘစကားကို လျစ်လျူရှူသူတစ်ယောက်လည်း မဖြစ်ချင်ပါ။

မနက်ဖြန်တော့ အချိန်သက်သက်ယူကာ လွန်းကို သွားတွေ့ရမည်။ သူစားချင်နေတဲ့ မုန့်တွေ မရရအောင်ရှာပြီး ဝယ်ကျွေးမည်။ အနားမှာ ကပ်နေပြီးမျက်နှာလေးကို ထိုင်ကြည့်နေမည်။ Baker ဝတ်စုံပြည့်နှင့် ဦးထုပ်ရှည်အဖြူလေး ဆောင်းထားသည့် လွန်းသည် အရမ်းအရမ်းကို ချစ်ဖို့ကောင်းနေလိမ့်မည်။

My Crush Is A FujoushiWhere stories live. Discover now