*ဦးလေးငယ်*
Ring~~~
Ring~~~
Ring~~~~
အဆက်မပြတ်ခေါ်နေသော်လည်း...တစ်ဖက်မှကိုင်သူမဲ့Phလေးကြောင့်...လူကထိုင်မရထမရ...
မနက်မိုးလင်းတည်းကလေးလံနေတဲ့စိတ်တွေက...လူတစ်ကိုယ်လုံးကိုထုံထိုင်းနေစေသည့်အပြင်...တစ်ခုခုကိုအလိုမကျသလိုလို...စိုးရိမ်နေသလိုလိုနဲ့...နိုးထလာရတာကြောင့်...
စိတ်ကလုံးဝမကြည်...နိုးနိုးချင်းမြင်လိုက်ရတဲ့သတင်းကြောင့်တော့...မရေမရာဖြစ်နေတဲ့စိတ်လေးလံမှုကိုတော့ခေါင်းစဉ်တပ်လို့ရလိုက်ပါရဲ့...
BaekHyunဦးလေးငယ်ရဲ့Night Out Datingတဲ့လေ...
Baekhyunကသူ့ဦးလေးငယ်ကိုအရမ်းတွန့်တိုတာဆိုတော့...သူသိရင်အရမ်းခံစားနေရမှာ...အဲ့ဒါကြောင့်လည်း...ကျနော်နိုးလာတည်းကခံစားချက်တွေမကောင်းနေတာ...
သက်ပြင်းကိုမကြာခဏမှုတ်ထုတ်နေမိသည့်တိုင်...ခြေထောက်ကလည်းအခန်းတစ်ခုလုံးဒေါင်းတောက်သည်အထိလျှောက်နေမိသည်...
သူ့ခံစားချက်တွေကိုသူဖွင့်မပြရင်တောင်...ကျနော်သိတယ်...
ငယ်ငယ်တည်းက...ဝိညဉ်ဘက်တွေလိုကိုလည်ပင်းဖက်ပြီးနှစ်ယောက်တစ်ယောက်ပေါင်းလာတဲ့သူမို့လို့လားမသိ...သူမျက်နှာနည်းနည်းညိုးရင်တောင်ကျနော်နေလို့ထိုင်လို့မရ...သူ့စိတ်ထဲတစ်ခုခုခံစားနေရပြီဆိုတာနဲ့...ကျနော်ပါအလိုအလျောက်သိနေပြီးခံစားနေမိတဲ့အထိ...
ကျနော်မျက်နှာညိုးတိုင်းတော့...သူ့ဆီကအော်ငေါက်ခံရတတ်သည်...
ကျနော်ကသူ့ကိုကြောက်ရသူဆိုတော့...သူ့အော်ငေါက်မှုမှာတင်...ကျနော့်ရဲ့စိတ်ခံစားမှုအားလုံးကိုပြောင်းလဲပစ်နိုင်လိုက်သည်...စိတ်လောစွာနဲ့သူ့ကိုလိုင်းပေါ်ကသတင်းအမြန်တက်ကြည့်ခိုင်းမိလိုက်ပြီး...စိတ်ပူစွာနဲ့Phပြန်ခေါ်တော့...ဘယ်လောက်ခေါ်ခေါ်သူ့Phလေးမှာကိုင်သူမဲ့နေခဲ့ချေပြီ...
YOU ARE READING
*ဦးလေးငယ်*
Fanfictionဖိုးဖိုးအားကိုးပီးအရမ်းချစ်ရတဲ့မွေးစားသား၊မေမေတို့အရမ်းချစ်ကြတဲ့မောင်အငယ်လေး၊ကျနော်ချစ်ရပါသောမွေးစားဦးလေး~~ #ChanBaek #JustFanFic #July15/2017 (Zawgyi+Unicode)