Part-24(Z+U)

14.5K 1.9K 212
                                    

*ဦး​လေးငယ်​*

'ငါတို့လက်​ထပ်​ကြရ​အောင်​...Baekhyun´

ပြောတဲ့သူကရုပ်​တည်​တည်​နဲ့ပဲ​ပြောခဲ့သ​လောက်​Baekhyunတစ်​​ယောက်​က​တော့​ဆေးရုံ​​ကုတင်​​ပေါ်တွင်​...ထိုစကားနှင့်​ပတ်​သက်​၍လူးလှိမ့်​​နေ​အောင်​ခံစားရသည်​...

တတိတိနဲ့ကိုက်​ဖြတ်​​နေမိတဲ့လက်​သည်းထိပ်​​တွေဆိုတာလည်းရစရာမရှိ...

ဦး​လေးငယ်​ကကျ​နော့်​ကိုလက်​ထပ်​ကြရ​အောင်​တဲ့....

BLကား​တွေမကြာခဏကြည့်​ပြီးဦး​လေးငယ်​နဲ့သာလက်​တွဲဖြစ်​ရင်​ဆိုပြီး...မကြာခဏ​တွေးခဲ့ဖူး​ပေမယ့်​...မဖြစ်​နိုင်​တဲ့အ​တွေးသက်​သက်​သာဆိုပြီး...​ခေါင်းကိုခါထုတ်​ကာ...မကြာခဏပင်​​ပြန်​လည်​​မောင်းထုတ်​ဖြစ်​ခဲ့သည်​...

အခု​တော့ကျ​နော့်​အိမ်​မက်​​တွေအသက်​ဝင်​လာ​တော့မယ်​ထင်​ပါရဲ့...

'ဦး​လေးငယ်​ကျ​နော့်​ကိုလက်​ထပ်​ရ​အောင်​...ဦး​လေးငယ်​မှကျ​နော့်​ကိုမချစ်​တာ´

စိတ်​ထဲဝမ်းနည်း​နေ​ပေမယ့်​...သူ​ပြန်​​ဖြေလာမယ့်​စကားကိုမှန်းဆရင်​ခုန်​ရင်း...​ပျော်​မြူးရမမြူးရကို...ထိုစဉ်​ကကံ​စမ်းခဲ့​သေးသည်​...

'မချစ်​ပဲလက်​ထပ်​တဲ့သူ​တွေ...အချိန်​ကြာလာတဲ့အခါချစ်​သွားကြတာပဲ​လေ´

ထိုစဉ်​က...သက်​ပြင်းခံရင်းပြန်​လည်​ဖြေဆိုလာ​ပေမယ့်​အရူးတစ်​​ယောက်​လိုပင်​ကျ​နော်​​ပျော်​မြူးခဲ့သည်​...

ဦး​လေးငယ်​နဲ့လက်​ထပ်​ရမယ်​ဆိုတဲ့အ​ပျော်​ကညအိပ်​ခါနီး​တောင်​မျက်​လုံးကိုပြူး​ကြောင်​ပြီးကဏှာမငြိမ်​ဖြစ်​​စေတဲ့အထိ...

အချိန်​ကြာလာတဲ့အခါချစ်​သွားကြတာပဲ​လေဆို​တော့...ဦး​လေးငယ်​ကိုကျ​နော်​အချိန်​အကြာကြီးဆွဲထားရမှာ​ပေါ့...

စိတ်​ချပါဦး​လေးငယ်​...ဦး​လေးငယ်​ကျ​နော့်​ကိုချစ်​လာတဲ့တစ်​​နေ့အထိကျ​နော်​​စောင့်​​နေမှာမို့လို့...အဲ့အချိန်​​ရောက်​တဲ့အထိ​လေးပဲကျ​နော်​နဲ့သည်းခံပြီး​နေ​ပေးပါ...

*ဦး​လေးငယ်​*Where stories live. Discover now