Part-22(Z+U)

13K 1.7K 434
                                    

Request>> မနက်​Exam​ဖြေမယ့်​ခ​လေး​တွေမဖတ်​ကြပါနဲ့​နော်​🙏​တောင်းဆိုပါတယ်​...

*ဦး​လေးငယ်​*

ဆက်​တိုက်​​ခေါ်​နေ​ပေမယ့်​ကိုင်​သူမဲ့​နေ​သောPh​လေး​ကြောင့်​နံရံကိုမှီကာထိုင်​​နေရင်း...ငိုင်​​နေမိသည်​...

မင်းမရှိ​တော့...ငါတကယ်​မဆင်​မ​ပြေဘူးBaekhyun...

'​ဟျောင့်​...Kai...Baekhyunဒီ​နေ့ဘာလို့မလာတာလဲ...´

ရေဘူးကို​မော့​သောက်​ရင်းအနားဝင်​ထိုင်​လာတဲ့Minhyuk...
ကျ​နော်​တစ်​​ယောက်​တည်းငိုင်​တိုင်​တိုင်​ထိုင်​​နေတာကို...သူလည်းသ​ဘောမ​တွေ့လို့ထင်​ပါရဲ့...

'​နေမ​ကောင်းဘူးတဲ့...´

ဒါကByun Ma Ma​ပြောလိုက်​တဲ့စကားရယ်​မျှသာ...
သူတကယ်​​နေမ​ကောင်း​နေလို့လား...ဘာလား​တော့​သေချာမသိရ...

မ​နေ့က​ကျောင်းမှာ​တစ်​မနက်​လုံးအသိစိတ်​လွတ်​​နေသူတစ်​​ယောက်​လိုငိုင်​​နေပြီး...ကျ​နော်​မသိခင်​​လေးတင်​အိမ်​ပြန်​သွားခဲ့တာ...

မ​နေ့တည်းကစိတ်​ကပူ​နေရလို့​တောက်​​လျှောက်​ဆက်​​ပေမယ့်​လည်းPhကစက်​ပိတ်​ထားပါသည်​ဟုသာစွတ်​​အော်​​နေပြီး...မနက်​သူ့အိမ်​သွားပြန်​​တော့လည်းအ​ပေါက်​ဝမှByun MaMaကဆီးတားသည်​...

Baekhyunအဆင်​မ​ပြေ​နေဘူးဆိုတာကျ​နော်​အလိုလိုသိ​နေတယ်​...
သူအဆင်​မ​ပြေ​နေတဲ့အချိန်​မှာသူ့အနားမှာတကယ်​​နေ​ပေးချင်​တယ်​...

'သူ​နေမ​ကောင်းလို့မှိုင်​​နေတာ​ပေါ့...ဟုတ်​လား...မင်းရဲ့တွဲဖက်​​လေး​ပျောက်​​နေ​တော့လွမ်း​နေတာမဟုတ်​လား...´

ရယ်​ကျဲကျဲနဲ့နံ​ဘေးကစ​နောက်​​နေတဲ့Minhyukကို...မတတ်​သာတဲ့အပြုံးတစ်​ခုသာပြုံးပြနိုင်​ပါသည်​...

သာမန်​ထက်​ပိုတဲ့စွပ်​စွဲသမုတ်​ချက်​​တွေကိုကျ​နော်​စိတ်​မဝင်​စားဘူး...
ကျ​နော်​စိတ်​ဝင်​စားတာ...ကျ​နော့်​ကိုယ်​ပွားနီးပါးခင်​မင်​ရတဲ့​...ကျ​နော်​​စောင့်​​ရှောက်​​ပေးရမယ်​လို့သတ်​မှတ်​ထားတဲ့Baekhyunတစ်​​ယောက်​သာရယ်​...

*ဦး​လေးငယ်​*Where stories live. Discover now