*ဦးလေးငယ်*
'ဘိုးဘိုး~~ဘိုးဘိုးလို့~~´
Koreaမှထွက်ခွာခါနီးFlightကြေငြာသံကို အာရုံပြုနားထောင်နေတုန်း နံဘေးကနေ ကလေးပေါက်စလေးကတဂျီဂျီနှင့်...
မျက်ရည်စတို့ကလည်းထွက်လို့...ဖြူဖျော့ဖျော့မျက်နှာလေးကအလိုမကျစွာနှင့် အင်္ကျီအနားစတို့ကိုပါ သူ့လက်ချောင်းသွယ်သွယ်လေးများနှင့်ဆုပ်ကိုင်ထားသေးသည်...
'အဘိုးမြေးလေး ဘာဖြစ်ရပြန်တုန်း ကြောင်ချီးပေရုပ်လေးနဲ့...´
အသန့်အပြန့်ကြိုက်လွန်းရုံသာမက အလှအပကိုဦးစားပေးတတ်လွန်းသောမြေးဖြစ်သူသည်...တချိန်ကလို'ဘိုးဘိုးနော်´ဆိုပြီး ရန်ထောင်နေရမယ့်အစား...
တစ်အိမ်လုံးတမြတ်တနိုးနဲ့ဝိုင်းဝန်းထိန်းသိမ်းပေးနေကျမျက်ရည်ဥတို့က သူ့မျက်နှာအနှံ့ကိုရွှဲရွှဲစိုနေအောင် ကျဆင်းနေတာမှမြင်မကောင်း...
သူသိပ်ချစ်ပါတယ်ဆိုတဲ့ Chanyeolလေးနဲ့ထားခဲ့ရမှာတောင် စိတ်မဖြောင့်အောင်😪
'ဘိုးဘိုးမြန်မြန်ပြန်လာရမယ်နော်...ကျန်းမာရေးလည်းအများကြီးကောင်းလာရမယ်နော်...ဘိုးဘိုးပိန်ချင်လို့အစားမစားဘူးဆိုတာသိပေမယ့် ဒီထက်ပိုပြီးမပိန်နဲ့တော့နော်...သားကို နေ့တိုင်းဖုန်းဆက်နော် အများဆုံးတစ်လပဲနေနော် တစ်လထက်ပိုနေရင် ကျောင်းမတက်ပဲသားလိုက်လာမှာနော်...ဘိုးဘိုး...´
'တော်တော့ BaekHyun!!!´
မျက်ရည်စက်လက်နဲ့Appaကိုမှာတမ်းခြွေနေတဲ့ ကလေးငယ်ကို မမလေးပိတ်ဟောက်လိုက်မှ ကျနော်လည်းအလိုက်တသိနဲ့ကလေးငယ်ပုခုံးတို့ကိုဆုပ်ကိုင်ပေးလိုက်ပြီး Appaအနားကနေ ဆွဲခေါ်ယူလိုက်ရတယ်...
ကျန်းမာရေးချို့တဲ့လွန်းနေတာကြောင့် အစားမစားပဲသိသိသာသာပိန်ကျလာတဲ့Appaကိုမြင်ရတာ ကျနော်တို့အားလုံးစိတ်မကောင်းဖြစ်နေကြသည့်အပြင် အစားစားတိုင်းမြိုမချနိုင်ပဲ ပြန်ပြန်အန်နေတတ်တဲ့Appaကိုယ်တိုင်ကလည်း သူ့ကိုယ်သူမကျေမနပ်ဖြစ်နေတာကို ကလေးငယ်ကလွဲလို့အားလုံးကသိနေကြတာမို့...
YOU ARE READING
*ဦးလေးငယ်*
Fanfictionဖိုးဖိုးအားကိုးပီးအရမ်းချစ်ရတဲ့မွေးစားသား၊မေမေတို့အရမ်းချစ်ကြတဲ့မောင်အငယ်လေး၊ကျနော်ချစ်ရပါသောမွေးစားဦးလေး~~ #ChanBaek #JustFanFic #July15/2017 (Zawgyi+Unicode)