*ဦးလေးငယ်*(Zawgyi)
မရောက်တာကြာပြီဖြစ်တဲ့ကျောင်းဝင်းကြီးက မပြောင်းလဲစွာ...
ပုံစံမျိုးစုံနဲ့ကျောင်းသားကျောင်းသူတွေက Baekhyunစိတ်အစုံကို လန်းဆန်းသွားစေသည်...သို့သော်လည်း...ကြည်လင်သွားသည်အထိတော့မဖြစ်...
အဘယ်ကြောင့်ဆိုသော်....
"ဦးလေးငယ်ကညနေလည်းArrjushiကိုပဲလာကြိုခိုင်းတာလား..."
မကြည်လင်သေးတဲ့စိတ်က နှုတ်ကထွက်တဲ့စကားတို့ကို မချောမွေ့စေသလို ဆူဆောင့်အောင့်ပြီးပြောတယ်ဆိုတာ Arrjushiထံကနေ ဦးလေးငယ်ပြန်သိနိုင်ရင်ကောင်းမည်...
"ဒီနေ့တစ်နေ့လုံးသူဌေးမအားလို့ အဲ့ဒါ..."
ဒုန်း!!!
Driverဦးလေးကြီးစကားကိုဆုံးအောင်နားမထောင်နေတော့ပဲ ကားတံခါးဖွင့်ထွက်လာလိုက်ပြီး ကားကိုလှုပ်ခါသွားတဲ့အထိပြန်ဆောင့်ပိတ်လိုက်သည်...
😤😤😤
စိတ်ဆိုးလိုက်တာ ဦးလေးငယ်ရာ...
ကျနော်ခုမှကျောင်းပြန်တက်နိုင်တာကို...ပထမဆုံးနေ့ကိုလိုက်ပို့ပေးသင့်တယ်မဟုတ်ဘူးလား...
နေမကောင်းနေတုန်းက အသည်းအသန်ဂရုစိုက်ပြပြီးတော့ Baekhyunတို့နေကောင်းပြီးထောင်လာတာနဲ့တန်းပလစ်တော့တာပဲ...
ကျောင်းလိုက်ပို့ပြီးမှ အလုပ်သွားလည်းရနေတာကို...
သူများ မတရားမျှော်လင့်ထားတာကို မနက်တည်းက မျက်နှာတောင်မမြင်လိုက်ရဘူး မုန်းလိုက်တာ...သူ့ဆီက အချိန်တိုင်းဂရုစိုက်ခံနေရအောင် တစ်ခါတည်းComaဝင်သွားသင့်တာ😤😤😤
ကြည်နူးသာယာစွာတွေးနေတဲ့အတွေးတို့မဟုတ်တာမို့ မျက်နှာအမူအရာကလည်း တော်ရုံလူတွေငေးမကြည့်ရဲလောက်အောင် ခက်ထန်နေမည်မှာအမှန်ပင်...
Baekသွားနေတဲ့လမ်းတောက်လျှောက်ကလူတွေသိသိသာသာရှောင်ဖယ်ပေးကြလေသည်...
YOU ARE READING
*ဦးလေးငယ်*
Fanfictionဖိုးဖိုးအားကိုးပီးအရမ်းချစ်ရတဲ့မွေးစားသား၊မေမေတို့အရမ်းချစ်ကြတဲ့မောင်အငယ်လေး၊ကျနော်ချစ်ရပါသောမွေးစားဦးလေး~~ #ChanBaek #JustFanFic #July15/2017 (Zawgyi+Unicode)