*ဦးလေးငယ်* ( Zawgyi)
"ဟို Kai shii! "
ရုတ်ရုတ်သဲသဲလူကြားထဲမှ နာမည်ခေါ်သံကြားလိုက်ရတာမို့ အသံလာရာကြည့်လိုက်မိတော့ Baekhyunအတန်းထဲက ကျောင်းသား...
သူလည်း ဒီသတင်းစာရှင်းလင်းပွဲကို လာခဲ့ပုံပေါ်သည်...
"Kai shii ကျနော့်ကို မှတ်မိလားမသိဘူး ကျနော်Baekhyun shiiရဲ့အတန်းဖော် ကျောင်းအုပ်ရဲ့သား Do Kyung Sooပါ"
"ကျနော်မှတ်မိပါတယ် Kyung Soo shiiက ဒီပွဲကိုတမင်လာခဲ့တာလား"
"Nae...လူရှင်းတဲ့နေရာမှာ စကားပြောလို့ရမလား Baekhyunနဲ့ပတ်သက်ပြီး ကျနော်ပြောစရာလေးရှိလို့
Kai shii ခဏလောက်အချိန်ပေးလို့ရမလား"ပွေ့ချီထားတဲ့Baekhyunကို ကားထဲအသာအယာထည့်ပြီး တရကြမ်းမောင်းထွက်သွားတဲ့ဦးလေးငယ်ကားကို မြင်လိုက်ရတာမို့ Kyung Sooရဲ့တောင်းဆိုစကားကို ခေါင်းအသာငြိမ့်ပြလိုက်မိသည်....
သာယာငြိမ့်ညောင်းစွာထွက်ပေါ်နေတဲ့ဂီတသံကလွဲလို့ စကားပြောသံတစ်ခွန်းတောင်မကြားရတဲ့ဆိုင်လေးထဲမှာ အေးအေးချမ်းချမ်းထိုင်နေတယ်ထင်ရပေမယ့်...Kaiရင်တစ်ခုလုံးစုတ်ပြတ်သလိုခံစားနေရပြီး ပူလောင်နေဆဲဖြစ်တာကြောင့်...
Waiterလေးလာချပေးတဲ့ရေခွက်ကို ကုန်စင်နေသည်အထိမော့ချလိုက်မိသည်...
"Baekhyun shiiအဆင်ပြေပါ့မလား"
Kai အရှေ့တည့်တည့်တွင်ထိုင်ကာ Baekhyunအကြောင်းမေးလာတဲ့Kyung Sooကို အတတ်နိုင်ဆုံးအကဲခတ်နေမိသည်...
သူများအကြောင်းကို လိုအပ်တာထက်စပ်စုနေတာလား...
တကယ်စိုးရိမ်ပူပန်လို့မေးနေခြင်းလား သဲကွဲအောင်လို့..."ဟို ကျနော်Baekhyunကို တကယ်စိုးရိမ်လို့မေးတာပါ သူအဆင်မပြေနေတာ ကျနော်တို့အကုန်တွေ့လိုက်ရတာပဲလေ ကျနော်သူ့ကို တကယ်ခင်ချင်ခဲ့တာ Kai shii ကျနော့်ကို သူခင်မင်ခွင့်မပေးခဲ့ပေမယ့် ကျနော့်ဘက်ကတော့..."
လူပုံစံထက်ပိုတည်ကြည်လွန်းတဲ့အသံတိမ်ဝင်သွားတဲ့အချိန်မှာ စိတ်မကောင်းသလို ခေါင်းကိုငုံ့ချလိုက်တဲ့ Kyung Sooကိုမြင်လိုက်ရတဲ့Kaiလည်းစိတ်မကောင်း...
YOU ARE READING
*ဦးလေးငယ်*
Fanfictionဖိုးဖိုးအားကိုးပီးအရမ်းချစ်ရတဲ့မွေးစားသား၊မေမေတို့အရမ်းချစ်ကြတဲ့မောင်အငယ်လေး၊ကျနော်ချစ်ရပါသောမွေးစားဦးလေး~~ #ChanBaek #JustFanFic #July15/2017 (Zawgyi+Unicode)