Part-30(Z+U)

12K 1.7K 174
                                    

*ဦး​လေးငယ်​*(Zawgyi)

ကျွတ်​...ကျွတ်​...

ညောင်းလို့လှုပ်​မိလိုက်​တာနဲ့ ထိခိုက်​ဒဏ်​ရာတို့က အသည်းခိုက်​မတတ်​​အောင်​ နာကျင်​လွန်း​နေ​သေးသည်​...

ပတ်​တီးစည်းထား​သော​ခြေ​ထောက်​ကို စိတ်​ပျက်​စွာအကြည့်​လွှဲမိ​တော့ မှန်​ထဲမြင်​လိုက်​ရသည့်​ကိုယ့်​မျက်​နှာကိုယ်​မယုံနိုင်​စွာပင်​...

ဖူး​ယောင်​ကိုင်းပြီးဒဏ်​ရာဗလပွနဲ့မျက်​လုံး​တွေပိတ်​သိတ်​​နေတာBaekhyunမျက်​နှာတဲ့လား...

တစ်​ချိန်​က ​နေ​လောင်​မခံရ​အောင်​ဂရုတစိုက်​ထိန်းသိမ်းခဲ့ရတဲ့ပိုင်​ရှင်​ရဲ့မျက်​နှာတဲ့လား...

မယုံနိုင်​စွာပင်​ ကိုယ့်​မျက်​နှာကိုယ်​ထိကိုင်​ကြည့်​မိသည်​အထိပင်​...
ကျ​နော်​အိမ်​မက်​​တွေဘာ​တွေများမက်​​နေတာလားလို့...

အိမ်​မက်​မဟုတ်​စွာပင်​ ပလာစတာတို့ကပ်​ထားသည့်​တိုင်​ ထိတာနဲ့နာလွန်းသည်​...
ဖြူစွတ်​စွတ်​မျက်​နှာ​လေးသည်​ နီညို​ရောင်​ဘက်သန်းရုံ​​သာမက တချို့အနာတို့မှာ မဲပုပ်​ပုပ်​​လို​တောင်​ဖြစ်​​နေသ​ယောင်​ပင်​...

ချော​ချောလှလှ​လေးတုန်းက​တောင်​ဦး​လေးငယ်​ဂရုမစိုက်​တာ ဒီမျက်​နှာကြီးကို သူကဘယ်​လိုလုပ်​ချစ်​​တော့မှာလဲ...

ကုန်​မဆုံးနိုင်​​သေး​သောမျက်​ရည်​​တွေ စီးကျလာပြန်​​လေသည်​...

အိမ်​​​ရောက်​တည်းက အိပ်​ခန်းထဲထည့်​​ပေးပြီး အပြင်​ပြန်​ထွက်​သွားတဲ့တီ​လေးလည်း ထပ်​ရောက်​မလာသလို ဟန်​မြစ်​က​နေ ​ဆေးရုံ...​ဆေးရုံက​နေ အိမ်​အထိ​တောက်​​လျှောက်​လိုက်​ပါ​နေတဲ့ဦး​လေးငယ်​ကလည်း အခုထိကျ​နော့်​ကို စကားတစ်​ခွန်း​ဆိုတစ်​ခွန်းမှမဟ​သေး...

ကျ​နော်​ဒီ​လောက်​ရုပ်​ပျက်​ဆင်းပျက်​ဖြစ်​လာတာကို ဘာဖြစ်​တာလဲ​တောင်​​မေး​ဖော်​မရဘူး...

ကျ​နော်ဝမ်းနည်းရမှာလား စိတ်​ဆိုးရမှာလား ဦး​လေးငယ်​...

ကျ​နော့်​မှာ ဦး​လေးငယ်​ကို စိတ်​ဆိုးခွင့်​​ရောရှိရဲ့လား...

*ဦး​လေးငယ်​*Where stories live. Discover now