Part-36(Z+U)

9.4K 1.2K 143
                                    

*ဦးလေးငယ်* ( Zawgyi )

'Baekhyun ah~~'

ဖုန်းကိုင်ကိုင်ချင်းတစ်ဖက်ကထွက်ပေါ်လာတဲ့Kaiအသံကစိတ်မသက်သာလိုက်တာ...

'Baekhyun ah~~မင်းအဆင်ပြေရဲ့လား '

Kaiမေးတာကို ပြန်ဖြေမလို့ရှိသေး ထပ်မေးလာတဲ့မေးခွန်းကြောင့် ဦးလေးငယ်ရှိနေတဲ့အခန်းကိုကျောခိုင်းလိုက်ကာ အပြင်ဘက်ကိုအသာထွက်လာခဲ့လိုက်တော့တယ်...

'မင်းအခုတလောဆေးလိပ်တွေသောက်နေတယ်ဆို...ပြီးတော့ ကွာရှင်းစာချုပ်နဲ့ ပိုတက်ဆီယမ်ဆိုက်ရာနိုက် အဲ့ဒါဘာသဘောလဲ...မင်းဘာလုပ်ဖို့တွေးနေတာလဲ Baekhyun'

'ဖြေးဖြေးမေးပါ Kaiရာ'

'မဖြေးနိုင်ဘူး မင်းဆိုရင်ရော ငါ့လိုစိတ်မပူဘဲနေနိုင်မလား ငါစိတ်ပူလို့သေတော့မယ်သိလား Park Baek Hyunရဲ့'

'ဟား...ဟား...'

တစ်ဖက်ကစိတ်ပူပေးနေတဲ့သူငယ်ချင်းကြောင့် Baekအားပါးတရပင်ရယ်လိုက်မိလေတော့....

'ဘာ!ရယ်နေတယ်?  What? ငါပြောတာဘာကရယ်စရာကောင်းသွားလဲ....မင်းကိုယ်မင်းတစ်ခုခုလုပ်ကြည့် ငါတစ်သက်လုံးခွင့်လွှတ်မှာမဟုတ်ဘူးနော်'

'Kai ah~~ငါတစ်ခုခုသာဖြစ်သွားရင် ဦးလေးငယ်ရော ငါ့ကိုစိတ်ဆိုးလောက်လား'

Baekတကယ်သိချင်မိတာ...Baekသာ ဦးလေးငယ်အနားမှာမရှိတော့ရင် ဦးလေးငယ်ပျော်နေလောက်လား...ဒါမှမဟုတ် Baekကိုစိတ်ဆိုးမှာလား...

'ဦးလေးငယ်တော့မသိဘူး ငါတော့မင်းကိုတစ်သက်လုံးမခေါ်တော့ဘူး'

'ဟား...ဟား...ဟား...'

ဒုတိယံမိထပ်ရယ်မိပြန်သည်....
Koreaမြေကနေစူပုပ်ပြီးမျက်စောင်းလှမ်းထိုးနေမယ့်ဝက်ဝံညိုတစ်ကောင်ကိုမြင်ယောင်နေမိတာမို့...

'အေး...အဲ့မှာရယ်နေလိုက်တော့...'

Baekအရယ်ကိုရပ်ပြီး Kaiရန်တွေ့သမျှပြုံးပြုံးလေးနားထောင်နေလိုက်မိတယ်...
ဒါBaekဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရခဲတဲ့ရှားပါးဖြစ်စဉ်တစ်ခုရယ်ပါ...

အရင်က Kaiပြောသမျှကို Baekငြိမ်ပြီးနားထောင်တာမျိုးမရှိခဲ့သလောက်ပင်...

*ဦး​လေးငယ်​*Where stories live. Discover now