*ဦးလေးငယ်*(Zawgyi)
*ညကအိမ်ကို Chanyeol Arrjushiiရောက်လာပြီး သူတို့ကိုကျောင်းထုတ်ဖို့လာပြောသွားတာ*
နားထဲကမထွက်နိုင်တဲ့စကားစုကြောင့် အိမ်ကိုအမြန်ရောက်နိုင်ရန်စိတ်ဆောင်နေသည်မို့ နာကျင်ကာထုံနေတဲ့ခြေထောက်ကိုလည်းမမှုနိုင်...
"Kai ah~~အိမ်မြန်မြန်ရောက်အောင်ငါ့ကိုတွဲပေးစမ်းပါ"
မကြာခဏယိုင်နဲ့နေတဲ့ခန္ဓာကိုယ်ကိုတော့ဘေးကKaiကလမ်းတောက်လျှောက်ထိန်းပေးနေလေသည်...
"Baekhyun ah~~ဖြည်းဖြည်းသွားပါကွာ...ခြေထောက်ကဒီလောက်နာနေတာကို"
"ငါခုချက်ချင်းဦးလေးငယ်နဲ့စကားပြောရမှဖြစ်မယ်"
ဟုတ်တယ်...ဦးလေးငယ်ကို သူမေးရမှဖြစ်မယ်...
အခုဦးလေးငယ်နဲ့မျက်နှာချင်းဆိုင်ပြီး သူမေးချင်တာတွေကိုမေးရမှဖြစ်မည်လေ...အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Baekhyun ခြေလှမ်းများရပ်တန့်သွားသည်ကို Kai သတိထားလိုက်မိသည်...
" ဦးလေးငယ်!!!"
Baekhyun ခေါ်သံကြောင့် ဧည့်ခန်းထဲမှာ မျက်နှာချင်း
ဆိုင်ထိုင်ကာ ရယ်မောရင်း စကားပြောနေကြသော ဦးလေးငယ် နဲ့ တီလေးက လှည့်ကြည့်လာသည်......Kai ကို အားပြုကာ အိမ်ထဲဝင်လာသော Baekhyun ရဲ့ မျက်နှာက သိသိသာသာပျက်ယွင်းနေတာမို့ နှစ်ယောက်လုံး အကြည့်တွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြတ်ပြေးနေပြီး
တီလေးက ထိုင်နေရာမှ ၀ုန်းကနဲထရပ်ကာ Baekhyun
ရှိရာသို့ လျှောက်လာရင်း ....." ကလေးလေးနေမကောင်းပဲဘာလို့အပြင်သွားနေတာလဲ...အပြင်မှာအေးကအေးနဲ့..."
" ခဏလေး တီလေး ... ကျွန်တော်ဦးလေးငယ်နဲ့ စာရင်းရှင်းစရာရှိတယ်..."
စာရင်းရှင်းမယ်ဆိုတော့ ငုံ့ထားတဲ့ခေါင်းကBaekhyunထံမော့ကြည့်လာကာ သူ့မျက်လုံးတွေကလည်း သိသိသာသာပြူးကျယ်လို့...
YOU ARE READING
*ဦးလေးငယ်*
Fanfictionဖိုးဖိုးအားကိုးပီးအရမ်းချစ်ရတဲ့မွေးစားသား၊မေမေတို့အရမ်းချစ်ကြတဲ့မောင်အငယ်လေး၊ကျနော်ချစ်ရပါသောမွေးစားဦးလေး~~ #ChanBaek #JustFanFic #July15/2017 (Zawgyi+Unicode)