Part-34 (Z+U)

7.8K 1.2K 164
                                    

(Zawgyi)

*ဦး​လေးငယ်​*

"အား~~ကျွတ်​ ကျွတ်​"

အသိစိတ်​ပြန်​ကပ်​လာသည်​နှင့်​ နာကျင်​ကိုက်​ခဲ​နေ​သောမျက်​နှာမှာတဆစ်​ဆစ်​ကိုက်​​နေ​လေသည်​...

"နိုးပြီလား~~"

မရင်းနှီး​သော သူစိမ်းအသံ​ကြောင့်​မျက်​လုံးဖွင့်​ကြည့်​လိုက်​မိ​သောအခါ တစ်​ခါမှမြင်​ဖူးခြင်းမရှိခဲ့သည့်​လူတစ်​​ယောက်​...Baekhyunအခန်းအတွင်း Baekhyunအနား Baekhyunကုတင်​​ပေါ်တက်​ထိုင်​ကာ Baekbyunကို ငုံ့ကြည့်​​နေ​လေသည်​...

"ခင်​ဗျား...ခင်​ဗျားကဘယ်​သူလဲ ဘယ်​လိုလုပ်​ဒီ​ရောက်​​နေတာလဲ"

"ဟမ်​...မနက်​ကမင်းကို​ကျောင်းက​နေချီထုတ်​လာတဲ့သူ​လေ မမှတ်​မိဘူးလား"

ချီထုတ်​လာတဲ့သူ???

အဲ့ဒါဆို အဲ့ဒါတကယ်​ဖြစ်​ခဲ့တာ​ပေါ့...
Baekရဲ့အိမ်​မက်​သက်​သက်​မဟုတ်​ခဲ့ဘူး​ပေါ့...

Baekhyunအိပ်ရာမှ ကုန်းရုန်းထလိုက်ရင်း မျက်နှာကို အသာကိုင်ကြည့်မိတော့ နာကျင်နေဆဲဒဏ်ရာတချို့နှင့်အတူ ပလာစတာတချို့ကပါ မျက်နှာပေါ်တွင်နေရာယူနေလေသည်...

"မင်းကိုဆေးရုံခေါ်သွားလို့အဆင်မပြေလို့ အိမ်ပဲခေါ်လာခဲ့ရတာ"

"ဦးလေးကဘယ်သူလဲ?ဦး​လေးက ဘယ်​လိုလုပ်​ ကျ​နော့်​ကိုအိမ်​​ခေါ်လာတာလဲ ဘာလို့ကျ​နော့်​အခန်းထဲ​ရောက်​​နေတာလဲ"

"ဘာ!!!ဦး​လေး?? မင်းကိုယ်​မင်း​မွေးကင်းစများမှတ်​​နေလား ကိုယ့်​ရဲ့ဒီဇိုင်းကာလာအ​နေအထားကိုshowလိုက်​ခုမှ Over 30ကွ မင်းဘကြီးအရွယ်​မဟုတ်​ဘူး"

စိတ်​ဆိုးမာန်​ဆိုးနဲ့တရှူးရှူးသံထွက်​​အောင်​​ဒေါသကြီး​နေတဲ့လူကိုBaek​ကြောင်​​တောင်​​တောင်​​လေးကြည့်​​နေမိသည်​...

သူ​ပြောတဲ့ဒီဇိုင်းကာလာကိုကြည့်​ရင်​Celebrityတစ်​​ယောက်​နဲ့တူ​ပေမယ့်​လည်းBaekမျက်​လုံးထဲတွင်​​တော့ အရူးတစ်​​ယောက်​လိုသာမြင်​​နေမိသည်​​ကို​တော့ မတတ်​နိုင်​ပါ...

ကလေးရုပ်မပြောင်းပေမယ့် အသက်ဖင်ဆောင့်နေတာအသိသာကြီးကို...

*ဦး​လေးငယ်​*Where stories live. Discover now