Random 6 စိုးထိတ်ခြင်း(part 2)

4.5K 279 9
                                    

》》》》》》2018, June

'..Doctor! သူမကို ဆေးရုံခေါ်သွားပေးပါ!.. ကိုယ် ရှင်းကိုလိုက်ရှာလိုက်ဦးမယ်..'

'ဟင်..သခင်လေး... ဘယ်.....'

Doctor စကားမဆုံးခင်မှာပင် ကျနော်အပြင်ဘက်သို့ ပြေးထွက်လာခဲ့ပြီဖြစ်သည်။

မကြာသေးခင်ကမှ ကျနော် ph ဆက်ခေါ်ထားသော ကျနော့်အသိကောင်လေး..အင်း.. အိမ်တော်ရဲ့ Family doctor လေးကတော့ ကြောင်ကျန်ခဲ့မည်ထင်ပါသည်။

ကျနော်သူတို့ကို ခေါ်ထားတာကို သတိတောင်မရတော့တာ..

ဆရာဝန်ပေါက်စကို ဖုန်းဆက်ပြီးတော့ အခြေအနေတွေက ကျနော်လိုက်မမှီနိုင်အောင်ပင် ပြောင်းလဲကုန်သည် မဟုတ်ပါလား..

ကျနော့်ကိုလှည့်ကြည့်လိုက်သော ဆရာဝန်ပေါက်စ၏ မျက်လုံးများထဲမှ အံ့ဩမှုတို့ကို ကျနော်မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

ဟုတ်တာပေါ့..
ကျနော့်လောက် နှင်းကိုဂရုစိုက်တဲ့သူမျိုးက.. အခုလိုလုပ်ရပ်မျိုးလုပ်လေတော့..

နှင်းကို ပွန်းရာမပြောနဲ့.. မျက်နှာနည်းနည်းညှိုးနေရင်တောင်မှ မနေနိုင်မထိုင်နိုင် ဆေးရုံထိဆွဲခေါ်တတ်တဲ့ ကျနော်က.. သူမအခုလို ဒဏ်ရာများနှင့် နာကျင်ခံစားနေရချိန်မှာ ကောင်လေးတစ်ယောက်ကို စိတ်ပူနေတယ်ဆိုတော့...

အင်း..

သူအံ့ဩရင်လည်း အံ့ဩသင့်ပါတယ်လေ..
မယုံနိုင်လောက်အောင်ပြောင်းလဲသွားတဲ့ ကျနော့်စိတ်ကိုလည်း ကျနော်အံ့ဩမိပါရဲ့..

ပြောင်းလဲသွားတာ...
.
.
.
.
မဟုတ်ဘူး...

ဟိုးအရင်တည်းက ပြောင်းလဲခဲ့ပြီးတဲ့စိတ်ကို ကျနော်က ခုမှသတိထားမိတာ..

ကျနော်ကိုက တုံးအလွန်းတာလားတော့မပြောတတ်..

ဒါပေမဲ့..
ကျနော်အသိနောက်မကျဖို့တော့ ဆုတောင်းမိပါရဲ့လေ..

ရှင်းကိုသာ သဲကြီးမဲကြီးစိတ်ပူနေတဲ့ ကျနော့်ကို ဆရာဝန်ပေါက်စအပြစ်တင်ကောင်းတင်နေပါလိမ့်မည်။

ဒါပေမဲ့...
.
.
.
သူမှမသိတာ..
ရှင်းနာကျင်နေခဲ့ရတာတွေက နှင်းထက်အဆများစွာပိုနေတာကို...
.
.
.
သူမှမသိတာ..
ဟန်အိမ်တော်ရဲ့ သခင်မလေးဖြစ်တဲ့ သူမမှာ ဂရုစိုက်ပေမဲ့သူတွေ တောင်လိုပုံနေပေမဲ့..
ရှင်းမှာတော့..ဘယ်သူမှရှိမနေခဲ့ဘူးဆိုတာကို..
.
.
.
.
.
သူမှာ.. ကျနော်ပဲရှိတာ...
အဲ့တာကို သိသိကြီးနဲ့ ကျနော်က...

Ahh~

ရင်ဘတ်ဆီမှ ဆုပ်ဆွဲခံလိုက်ရသလိုခံစားမှုနှင့် လှိုက်တက်လာသောဝမ်းနည်းမှု..
အမြင်အာရုံများဝေဝါးသွားသောကြောင့် မျက်တောင်တစ်ချက်ခတ်မိစဉ် ကျနော့်ပါးပြင် ပူနွေးသွားသည်။

မျက်ရည်တွေလား..

ကျနော်ဆိုသူမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တော်ရုံမျက်ရည်ကျတတ်သူမဟုတ်..
အခု.. ဘာလို့များ..

ဟင့်အင်း..
.
.
.
.
ကျနော့်ရင်ဘတ်တစ်ခုလုံး ဓားနဲ့မွှန်းထာသလို နာကျင်နေရတဲ့ အကြောင်းပြချက်ကို ကျနော်သိနေပြီးပြီပဲ..
ဘာလို့ကိုယ့်ကိုကိုယ် ဆက်ပြီး လိမ်ညာနေဦးမှာလဲ..

ရှင်း...

ကိုယ်တောင်းဆိုပါတယ်..

ကျေးဇူးပြု၍..

ကျေးဇူးပြု၍.. ကိုယ့်ကိုစောင့်နေပေးပါ..








》》》》》Author's note desu😘💞

ရှင်းလေးဘယ်ရောက်နေလဲမသိဝူးနော်😋

Gomen ne😢
ရှင်းလေးကိုရေးမလို့ဟာ plot ကထင်ထားတာထက်ရှည်နေလို့

Huu~နက်ဖြန်လောက်ထပ်ဒိတ်ပါဦးမယ်😇
မျက်စိနောက်နေကြပီလားတောင်မသိဝူး hee~😅

Ja nē mina😍✋
Arigatou for reading this far desu😙💕

Boku No Random BL(OC)[completed]Where stories live. Discover now