》》》》》》》》》》》》》》》》》》》》》》》
သေချာတာပေါ့..
ကျွန်တော်ဖျားသွားတယ်လေ..
အရမ်းကြီးမဆိုးဝါးလို့ တော်သေးတယ်ရယ်..မနေ့ကရေချိုးပုံမျိုးနဲ့မဖျားသွားရအောင် ကျွန်တော်က super human မှမဟုတ်ပဲဟာ..
ကျွန်တော်ဆိုတာဟာလေ.. တကယ်ကြောင်တောင်တောင်..'ရှင်း.. ဘာတွေငိုင်နေတာလဲဟ..'
လက်များပေါ်မေးတင်ရင်း ဘေးဘက်ပြတင်းပေါက်ကိုသာ ငေးကြည့်နေတာကြောင့် ရှင်းဘေးမှ နောင်တစ်ယောက်မနေနိုင်တော့..
ခပ်တိုးတိုးမေးမိတော့ သူ့ကိုလှည့်ကြည့်လာတဲ့ မျက်နှာလေးက ပုံမှန်ထက် ဖြူဖျော့နေလေသလားလို့..'ဟိုကောင်မလေးကို ကြည့်နေတာ..'
ရှင်းစကားကြောင့် နောင်မျက်ခုံးများပင့်တက်သွားလျက်..
ရှင်း ရောက်တတ်ရာရာ လက်ညိုးညွှန်ပြမိသော ကျောင်းအောက်ဘက်လျှောက်လမ်းပေါ်မှ ကျောင်းသူများအား နောင်တစ်ယောက် အသည်းအသန်ငုံ့ကြည့်နေတော့သည်။'ဘယ်တစ်ယောက်လဲ ဘယ်တစ်ယောက်လဲ..??'
ရှင်းကျောင်းအောက်ဘက်ကို ခဏလောက်စူးစမ်းပြီးမှ အနက်ရောင်ဆံပင်ရှည်လေးတွေနဲ့ မိန်းကလေးတစ်ယောက်အား ညွှန်ပြလိုက်မိသည်။
'သူလေးလေ...'
ပါးစပ်ထဲရှိရာပြောရင်း နောင့်ကိုပြန်ကြည့်မိတော့ ထိုမိန်းကလေးကိုသာ အတင်းကြည့်နေသည်။
ခဏ..
နောင့်မျက်ဝန်းတွေက အရမ်းအကြည့်တွေပြင်းထန်နေသလားလို့..သူတို့ကြည့်နေတာကို သတိထားမိသွား၍ ထင်ပါရဲ့..
ထိုကျောင်းသူလေးက သူတို့ကိုမော့ကြည့်လာသည်။ ရှင်းသူမကိုကြည့်နေတာလည်းမြင်ရော.. မျက်နှာလေးရဲသွားရင်း ခေါင်းငုံ့ကာ အမြန်ပြေးသွားတော့သည်။Huh??^^
သူမက ဘာလို့ရှင်းကိုမြင်တာနဲ့ မျက်နှာလေးရဲသွားတာလဲ..?'ဘာလဲ.. သူလည်း မင်းကိုကြိုက်နေတာလား??'
နောင်က စူးစိုက်၍ကြည့်နေရင်း ပြောလာတာကြောင့် ရှင်းတစ်ယောက်ခပ်ဟဟရယ်မောလေသည်။
![](https://img.wattpad.com/cover/143260623-288-k389470.jpg)
YOU ARE READING
Boku No Random BL(OC)[completed]
Romanceတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai