》》》》》 2017,September
'..Haah..'
မှောင်ရိပ်ကျနေသော အခန်းကျယ်အတွင်းမှ ခပ်ဖွဖွအသက်ရှူသံလေးတစ်ခု..
မီးမှန်သမျှအကုန်ပိတ်ထားပြီး လရောင်သာ ဖြာကျနေတာကြောင့် အရာဝတ္ထုတို့ကို သဲကွဲစွာမမြင်ရပေမဲ့..
ပြတင်းပေါက်နှင့်အနီးဆုံးနေရာမှ ကုတင်အောက်တွင် ခပ်လျောလျော ထိုင်နေသော အဖြူရောင်ကောင်လေး တစ်ယောက်ကိုတော့ မြင်နိုင်ကြပါသည်။ထိုကောင်လေး၏ ရှေ့မှ.. ရုတ်တရက်ဆို သတိမထားမိပေမဲ့.. ကြမ်းခင်းနေရာအနှံ့ ပြန့်ကျဲနေလေသော.. ဖြူလျောလျောတစ်ရှူးစများ.. ရှိနေကြသည်။
.
.
.
.
.
'Haah.. ဆေးမသောက်ချင်ပါဘူး.. ဆိုတာကို..'လက်ထဲမှ ဆေးများကိုကြည့်ရင်း ရှင်းတစ်ယောက် ပါးလေးတစ်ဖက်ဖောင်းလာသည်။
'..အားဆေးတွေလည်း.. အများကြီး.. တကယ့်အများကြီးသွင်းခဲ့တာပဲကို.. haah..'
မဆုံးနိုင်သော သက်ပြင်းဖွဖွတို့ကို ချနေရင်း အသစ်ထည့်ထားသော ဖန်ခွက်ကို လှမ်းယူလိုက်သည်။ ဒီအကြောင်းကို Kuro-san သာသိကြည့်ပါလား.. ခေါင်းခေါက်ခံရတာနဲ့တင် သူတကယ်သွားမှာရယ်..
.
.
.
'..haha........ haah'သူ့ကိုယ်သူ ခပ်ဖွဖွရယ်မောလိုက်မိရင်း လက်ထဲမှ ဆေးများကို ခပ်ဖြေးဖြေး သောက်ချလိုက်သည်။
ဒီလောက်ဆိုရင်တော့ Kuro-san မဆူလောက်တော့ဘူးမို့လား..'.....'
ကုတင်ကို ခပ်လျောလျော မှီချလိုက်ရင်း ပြတင်းပေါက်တစ်ဖက်မှ ညကောင်းကင်ယံအား သူငေးမောနေမိသည်။
'..ဒီနေ့ကျမှ ကြယ်တွေ.. စုံနေလိုက်တာ..'
တဖျတ်ဖျတ်တောက်ပနေသော ကြယ်လေးများကိုကြည့်လျက် သူခပ်တိုးတိုးရေရွတ်မိသည်။
.
.
လလေးကိုတောင်.. မြင်နေရသလိုပဲ..တိမ်များကြား မြုပ်နေသော လခြမ်းလေးအား သူခန့်မှန်းကြည့်နေရင်း..
'..ကျွန်တော်လေ ကြယ်တွေအများကြီးနဲ့ ကောင်းကင်ကြီးကို ကြည့်ရတာကို သဘောကျတယ်.. အရမ်းပဲ..'
မကြားနိုင်မှန်းသိသော်လည်း ကြယ်လေးတွေအား ပြောပြနေမိသည်။
ကြယ်များအကြားမှ အလင်းတန်းမှိန်မှိန်လေးတစ်ခုကို မြင်တော့.. ကြယ်ရောင်ဟပ်နေသော မျက်ဝန်းပြာတောက်တောက်လေးများ ခဏတာမှိတ်ကျသွားကြသည်။
'..ကြယ်တံခွန်လေး..'
နီထွေးထွေးနှုတ်ခမ်းပါးလေးမှ ပွင့်ကျလာသော ခပ်တိုးတိုးရေရွတ်သံ..
မဖြစ်နိုင်မှန်းသိပေမဲ့လေ.. ခဏလောက်လေး.. ဒီခဏလောက်လေးပေါ့..
အချိန်တွေရပ်တန့်ထားနိုင်ရင် ကျွန်တော်ကျေနပ်နိုင်ပါပြီ..မဖြစ်နိုင်သော ဆန္ဒအချို့အား အလိုလို ဖွင့်ဟတောင်းဆိုမိလျက်..
ညကောင်းကင်ယံက တကယ်လှပလွန်းနေတာရယ်..
မျက်ဝန်းများကို ဆက်လက်မှိတ်ချထားရင်းမှ.. သူလှိုက်လှဲစွာပြုံးလိုက်မိသည်။
'..ထပ်ပြီးတော့လေ........ ကျွန်တော်.. ပျော်တယ်.. အရမ်းပဲ..'
.
.
.
.
မျက်နှာကို သူလက်နှင့် အသာအုပ်ကိုင်ထားမိရင်း.. ခပ်ဖွဖွပြုံးလိုက်မိသည်။ပြတင်းပေါက်အလွန်မှ တောက်ပနေသော ကြယ်လေးများကို မော့ကြည့်နေမိရင်း ဆိုနေကျသီချင်းစာသားအချို့အား ခပ်တိုးတိုးရေရွတ်နေမိလျက်..
"..Konna.. jibun ni.. mirai wa.. aruno...?
.
.
..Konna.. sekai.. ni.. watashi wa.. iru.. no..?'
.
.
.
.
ခပ်အေးအေးနဲ့ လေပြေလေးလို ရေရွတ်သံဖွဖွရယ်..ခပ်တိုးတိုးသီချင်းဆိုသံလေးက တိတ်ဆိတ်ပြီး လှပလွန်းတဲ့ ညကောင်းကင်နဲ့ လိုက်ဖက်နေတယ်မို့လားလေ..
》》》》》author's note desuu!😃
I'm back mina!!
Vote 1K တောင်ကျော်သွားပြီ hehee~
သာသာရဲ့ fic လေးကို အခုလို အသိအမှတ်ပြုပေးကြတဲ့အတွက် သာသာလေ hontoni ureshii desuu(so happy)😄😄💞ရှင်းဆိုတဲ့ သီချင်းစာသားလေးကိုတော့ ဘာသာမပြန်ပေးသေးဘူးနော်
MV ပြန်ရှာပြီးမှ ပြပေးမယ် keke
(BTW သီချင်းကအေးအေးလေးနဲ့ နားထဲအရမ်းစွဲတယ်😌😌)And.. အပိုင်းသစ်ကမနက်ဖြန်မှ တင်ပေးမယ်နော်
အခုကဒါပဲ type ရသေးလို့ hee~😇Jā ne mina
Thanks for the support!!😙
![](https://img.wattpad.com/cover/143260623-288-k389470.jpg)
YOU ARE READING
Boku No Random BL(OC)[completed]
Romanceတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai