Random 18

1.8K 130 12
                                    

'..mmm... '

အဖြူရောင်အခန်းကျယ်ထဲမှ တိုးဖွဖွအသံ..

'...Hah...'

ကုတင်ထက် အဖြူရောင်စောင်ပုံလေးက တစ်ချက်.. မသိမသာလေးလှုပ်သွားသည်။

'..Hmmm..'

အနည်းစီလှုပ်ခတ်လာသော ဖြူလွှလွှစောင်စတို့ကြားမှ ဖွဖွလေးထွက်လာသော ဖြူဖျော့ဖျော့လက်လေးတစ်ဖက်..

'Hah.. ဘယ်... အချိန်တောင်.. ရှိသွားပြီ..လဲ..'

တိုးဖျော့ဖျော့အသံလေးနဲ့ စောင်ပုံများကြားမှ အားယူ၍ ဖြေးဖြေးချင်းထလာသော ကောင်ငယ်လေး..

သူတိတ်ဆိတ်စွာသာ ငေးကြည့်နေမိသည်။

နဖူးထိအောင် ဝဲကျနေသော အနက်ရောင်ဆံပင်ပွပွလေးတွေက ငှက်သိုက်လေးတစ်ခုလို ရှုပ်ပွနေတာလေ..

လက်လေးတစ်ဖက်နဲ့ မျက်လုံးတွေကို ပွတ်နေသေးတာ..
ပုခုံးထက်မှ လျောကျချင်နေသော အင်္ကျီအဖြူပွပွကြီးကြောင့် သူညင်သာစွာ ပြုံးလိုက်မိပါသေးရဲ့လေ..
မြေပြင်ပေါ်လဲကျသွားခဲ့တာကြောင့် ကောင်ငယ်လေးရဲ့ အားကစားဝတ်စုံက ဖုန်စအချို့ကပ်ငြိသွားခဲ့တာ..

သူအဝတ်ဗီရိုမှ အငယ်ဆုံးဟု သူယူဆသော ထိုအင်္ကျီအဖြူကို bulter များနှင့် လဲပေးစေရသည်လေ..

ထိုအင်္ကျီအဖြူကတောင် ကောင်ငယ်လေးအတွက် ကြီးလွန်းနေလေတော့ ကောင်ငယ်လေး အစားပုံမှန်စားရဲ့လား သူစိတ်ပူမိပါရဲ့..
သိုသော် အင်္ကျီအဖြူပွပွကြီးထဲ မြုပ်နေသော ကောင်ငယ်လေးက အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေတာကိုတော့ သူဝန်ခံရပါမည်။

'..Hmmm?.. ..ဒါက.. '

ကောင်ငယ်လေးက ကုတင်ဘေးဘက်စားပွဲပေါ်မှ နာရီလေးကို ငေးကြည့်နေသည်။
သူ့ဘေးခပ်လှမ်းလှမ်းတွင်ထိုင်နေသော ကျွန်တော့်အား မြင်ဟန်မတူ..
ထိုကောင်လေးအား ကျွန်တော်စိတ်ဝင်စားစွာ စောင့်ကြည့်နေမိသည်။

နာရီလေးကို စက္ကန့် ၂၀ လောက် ငေးကြည့်နေပြီးနောက်..

'...mmm...'

လျောကျနေသော အဖြူရောင်စောင်စတို့ကို လက်လေးတစ်ဖက်နဲ့ ဆွဲတင်ရင်း ကုတင်ပေါ် ပြန်လှဲချလိုက်သည်လေ..
စောင်ပုံကြားထဲမြုပ်သွားတာ မြင်တောင်မမြင်ရတော့..

Boku No Random BL(OC)[completed]Where stories live. Discover now