Random 28အပြုံးတို့၏နောက်ကွယ်

1.4K 117 25
                                    

》》》》》》2018, June

"နှင်းကို မထိနဲ့!"

သူ့ရှေ့ရောက်မှ ဘာကြောင့်ရယ်မသိ ရုတ်တရက်လဲကျသွားသော ဟန်သခင်မလေးအား သူဆွဲထူပေးရန်လုပ်မိတော့ အေးစက်စွာထွက်ပေါ်လာတဲ့ ကိုကိုရဲ့အမိန့်သံအချို့..

ခြေချင်းဝတ်တစ်ဖက်ကိုဆုပ်ကိုင်ရင်း အရမ်းပဲနာကျင်နေဟန် မျက်ရည်များပင်ဝဲလာသောနှင်းအား ရှင်း နားမလည်စွာ ငေးကြည့်နေမိသည်။

ရုတ်တရက်ကြီး..ထိုင်ချလိုက်ပြီး ဘာကြောင့်များ နာကျင်နေတဲ့ပုံစံ ဖြစ်သွားရတာ..

'.....'

အာ..

နောက်ထပ်...

ချောက်တွန်းမှု.. ဟင့်အင်း 'မတော်တဆ'ဖြစ်ရပ်တစ်ခု...

'နှင်း.. ရရဲ့လား..
Tsk.. ရှင်း!ဒီတစ်ခါရော နှင်းကိုဘာလုပ်လိုက်ပြန်ပြီလဲ!?'

'..တောင်းပန်ပါ..တယ်..'

ခပ်တိုးတိုးတောင်းပန်မိရင်း စူးရှသော ကိုကို့အကြည့်များအား ခါတိုင်းလိုပင် ရှင်းခေါင်းငုံ့ကာ တိတ်ဆိတ်စွာလက်ခံမိသည်။ရှင်းလက်နဲ့ထိသွားရင် ညစ်ညမ်းသွားမည်စိုးသည့်အလား ကိုကိုက နှင်းကိုသူ့ရင်ခွင်ထဲသို့ အမြန်ဆွဲသွင်းလေရဲ့..

'..နှင်း.. ဘာမှမဖြစ်ပါဘူး ကိုရယ်.. ရှင်းလေးကို အပြစ်မတင်ပါနဲ့နော်.. သူက နှင်းကို မတော်တဆတိုက်မိသွားတာ.. တကယ်က နှင်းလည်းရှေ့ကို သေချာကြည့်မလျှောက်လို့လေ..'

'Tsk.. နှင်း ဘာကိုဘာမှ မဖြစ်တာလဲ!?ခုနက ခြေကျင်းဝတ်လည်သွားတယ်မို့လား..'

သူမကိုကြည့်နေသော စိုးရိမ်ရိပ်သန်းနေသည့် မျက်ဝန်းညိုတွေဟာ ရှင်းဘက်ကို လှည့်အလာ အေးစက်သောဓားတစ်ချောင်းလို စူးရဲသွားကြသည်။
မြတ်နိုးရသူရဲ့ အကြည့်စူးစူးအောက် ရှင်းရင်ဘတ်ဟာ နောက်ထပ်နာကျင်လို့လာလေရဲ့..

တရားခံက ကိုယ်မဟုတ်ပေမဲ့လို့..

ကိုကို့ရဲ့ပျော်ရွှင်မှုက သူမဖြစ်နေတဲ့အခါ..

သူအနှောက်အယှက်မဖြစ်စေပဲ ကိုကို့ရဲ့အေးစက်မှုတွေကို တိတ်ဆိတ်စွာခံယူလိုက်တာဟာ ပိုအဆင်ပြေမယ်မို့လား..

Boku No Random BL(OC)[completed]Where stories live. Discover now