Random 9 ဒဏ်

4.2K 273 4
                                    

》》》》》》2018, June

'Haa~...haa~...'

စက္ကန့်တွေတိုက်စားလာသည်နှင့်အမျှ အသက်ရှူသံတွေက ကျယ်လောင်လို့လာသည်။ ရင်ဘတ်တစ်ခုလုံးလည်း နိမ့်ချည်မြင့်ချည်ဖြင့်..

ပေါက်ထွက်မတတ်ခုန်နေသော နှလုံးအစုံအား ကျွန်တော့်လက်ဖြင့် အတင်းဖိခြေထားမိသည်။

ခြေဖျားလက်ဖျားတွေ အေးစက်လာနေတာကိုလည်း ဂရုမစိုက်နိုင်။
မျက်နှာထက်သို့ တစ်စက်စက်ကျလာနေသော မိုးရေစက်တွေကိုလည်း ဂရုမစိုက်နိုင်။
လင်းနေဆဲဖြစ်သော ဖုန်းလေးကို တင်းကျပ်စွာဆုပ်ကိုင်ရင်း ကျွန်တော်မရပ်မနား ပြေးလာနေမိသည်။

ဟုတ်ပါသည်။
တစ်ဖက်ကဖုန်းပြောနေသူရဲ့အသံက ကျွန်တော်မျှော်လင့်ထားသလို နူးညံ့သော အသံပိုင်ရှင်လေးဖြစ်မနေတော့ ကျွန်တော်စိုးထိတ်သွားခဲ့ရသည်လေ..

ဖုန်းပြောနေခဲ့သောအချိန်က ဘယ်သူလဲဟူသော ကျွန်တော့်ရဲ့အမေးစကားကို သူလျစ်လျူရှုပစ်လိုက်ရင်း..

' အကို့သူငယ်ချင်းကို လိုက်ရှာနေတာလားဗျ.. အခုသူက...  အာ.. ကောင်လေးကိုထီးနဲ့ မိုးမစိုအောင်မိုးပေးထားကြဗျ.. အ!..ကောင်လေးက တကိုယ်လုံးအေးစက်နေတာပဲ.. အမ သူ့ကိုယ်ကိုသိပ်ပြီးမလှုပ်နဲ့! သွေးတွေပိုကျလာမယ်!
Hello.. အကို! သူရှိတဲ့နေရာကို အမြန်လာခဲ့ပေးရင်ကောင်းမယ်အကို!..'

အလောတကြီးပြောနေသူကြောင့် ကျွန်တော့်စိတ်တို့ အစိုးမရချင်တော့..
တစ်ချက်တစ်ချက် ဘေးဘက်ကိုလှမ်းပြောနေပုံရသော သူ့စကားများက ကျွန်တော့်နှလုံးသားအား အဆုံးစွန်ထိရိုက်ချိုးနေသလိုပင်..
အခြေအနေကို ခန့်မှန်းလို့ရသွားပြီးနောက်.. မူမမှန်တော့သော ကျွန်တော့်၏အသက်ရှူသံ..
မျက်ဝန်းထဲမြင်လာသည်က  နူးညံစွာပြုံးပြနေသော ရှင်း၏ခပ်ဖျော့ဖျော့ပုံရိပ်ငယ်..
ကိုယ် အရမ်းစိတ်ပူတယ် ရှင်း..
မျက်ဝန်းထဲ ပြည့်လာနေသော မျက်ရည်များကို လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ရင်း..

'..ရှင်း...'

ကျနော့်အသံတွင်ရှိုက်သံအချို့ရောပါသွားသည်ထင်ပါရဲ့လေ.. တစ်ဖက်မှဖုန်းပြောသူက ခဏတိတ်ဆိတ်သွားပြီးမှ..

Boku No Random BL(OC)[completed]Where stories live. Discover now