》》》》》A/N
Gomen!!Reader-chan( 。・゚゚・(>д<)・゚゚・。)
Endingခုမှစရေးဖူးတာဆိုတော့ တော်တော်လေးရုန်းကန်လိုက်ရ.. o(;△;)o
တော်တော်ကြီးကြာသွားတယ်
Gomen for the wait desuu ( p_q)But BUT!! •°\°(>д<)・/*°
ending လေးကို သာသာအများကြီး အ..များ..ကြီး ကြိုးစားထားပါတယ်
နည်းနည်းလေးတော့ ဟို.. readerလေးတွေ ဖတ်ပျော်လောက်တဲ့အထိတော့
မရောက်ပေမဲ့ သာသာအကောင်းဆုံး ရေးထားပါတယ်လို့(‘•̀ ▽ •́ )φArigatou for support desuu!! |ω・)و ̑̑༉
~Yuki Sempai~_2914 words_
》》》》》》》》》》》》
"ကို! နှင်းတောင်းပန်ပါတယ်! နှင်းကိုတစ်ချက်လောက်ကြည့်ပါ"
"မင်း!"
သူ့လက်ကို အတင်းတွယ်ချိတ်ထားရင်း မျက်ရည်စတွေနဲ့ တောင်းပန်တိုးလျိုနေသော သူမက လျှောက်လမ်းကသူနာပြုလေးတွေရဲ့ သနားကြင်နာစိတ်ကို အမိအရဖမ်းယူနေသည်။
တစ်ချက်တစ်ချက် သူ့ကိုကြည့်လာကြသော မျက်ဝန်းတွေထဲက အဓိပ္ပါယ်ဟာ ရှင်းလင်းလွန်းလှသည်။
တကယ်..
လူနာဝတ်စုံနဲ့'အားနည်းနေသည့်'သူမကို ဖယ်ချနေခဲ့သော သူကပဲ လူဆိုးကြီးလိုလို..ဘေးဘက်ကအကြည့်တွေကို လျစ်လျူရှုလိုက်ရင်း ဖက်တွယ်ထားသောသူမကို သူအတင်းဖယ်ချပစ်သည်။
သူ့လက်မောင်းကို တွယ်ကပ်နေခဲ့သောလက်တို့ကို သူအရင်ကလို သဘောမကျမိတော့..
ဒီလက်တွေဟာ သူ့ရဲ့ရှင်းကို နာကျင်စေခဲ့တဲ့လက်တွေ..ကြိမ်ဖန်များစွာ..
တကယ်.. ကြိမ်ဖန်များစွာ.. နာကျင်စေခဲ့တာ"လွှတ်ပါ"
တွန်းဖယ်ပစ်တာတောင် ထပ်ပြီးတွယ်ကပ်လာသောသူမကြောင့် သူမျက်ခုံးတို့တွန့်ချိုးကုန်သည်။
သူမ.. တကယ် အမှတ်မရှိတာလား
ရှင်းအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာကြီးကိုတွေ့ရန် အကြောင်းကြားလာတာကြောင့် ရှင်းကိုစိတ်ချရသောသူတွေနဲ့ထားခဲ့ပြီး ထွက်လာခဲ့တာ..
ဘယ်သူထင်မှာလဲ..
သတိရလာချင်းချင်း သူ့ကိုရှာနေခဲ့သည်ဆိုသော သူမနဲ့တည့်တည့်တိုးလိမ့်မယ်လို့..
YOU ARE READING
Boku No Random BL(OC)[completed]
Romansတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai