》》》》》》2018,March
Knock knock*
ဖြူလျောလျောလက်ချောင်းရှည်တို့က တံခါးထက်ခဏလောက် ဖြတ်ပြေးသွားပြီး ခဏအကြာတွင်တော့ ခပ်ဖွဖွခြေသံတို့နှင့်အတူ ဒုတိယသခင်လေး၏တံခါးက အသာအယာပွင့်လာသည်။ အခန်းရှေ့မှစောင့်နေသူကိုမြင်တော့ သခင်ကစိတ်ရှုပ်သွားဟန် နဖူးထက်ကဆံစတွေကို လက်တစ်ဖက်နဲ့ ထိုးဖွနေလေရဲ့..
'.....'
သခင်ကဘာမှမပြောဘဲ စူးရဲစွာသာစိုက်ကြည့်နေတာကြောင့် ရှင်းထိတ်လန့်နေမိသည်။ ဒီအိမ်တော်မှာနေလာတဲ့တစ်လျှောက်လုံး ကိုကိုဒီလောက်ထိ စိတ်အနှောက်အယှက်ဖြစ်တာမျိုး သူမမြင်ဖူးဘူးမို့လား..
အောက်ဘက်သို့အကြည့်လွှဲချလိုက်ရင်း လက်ထဲမှကြွေပန်းအိုးသေးသေးလေးကို ပေးလိုက်မိသည်။ ပန်းအိုးငယ်ထက် နူးညံ့စွာသောအဖြူရောင်ပန်းငယ်လေးက လှုပ်ရှားမှုကြောင့် လှုပ်ခတ်သွားလျက်..
ရှင်းလက်ထဲမှပန်းလေးအား အတော်ကြာတဲ့ထိ သူကြည့်နေမိသည်။
အဖြူရောင်ပန်းလေးလား..
ပန်းခင်းထဲကပန်းတို့နဲ့အမျိုးအစားတူသော်လည်း ပန်းလေးကငယ်နေသေးသည်။ ပြီးတော့.. ပုံစံလေးက အရမ်းပဲဖြူစင်လွန်းနေသည်လေရှင်းလက်ထဲက ပန်းအိုးငယ်ဟာ မသိမသာလေးတုန်ယင်နေလျက်..
သူနဲ့အကြည့်ချင်းတောင်မဆုံရဲသောရှင်းဟာ သူ့ရှေ့အားနည်းစွာ..
ရှင်း..ဘာလို့များလဲ..'ကျွန်တော်.. သခင့်ကို အမြဲတမ်း စိတ်အနှောက်အယှက် ဖြစ်စေတဲ့အတွက်.. တောင်းပန်ပါတယ်'
နာကျင်တာကြောင့် အသံတွေပါတိမ်ဝင်သွားပေမဲ့ သခင့်ကို ရှင်းပုံမှန်လိုပဲလှိုက်လှိုက်လှဲလှဲပြုံးပြဖြစ်သည်။ သူ့စကားနောက် သခင့်အကြည့်တို့က ပို၍ပင်အေးစက်သွားသလို..
အညိုရောင်မျက်ဝန်းတွေမှာလည်း ခန့်မှန်းမရသောအရိပ်အချို့တို့ ဖုံးလွှမ်းကုန်သည်။ထိုအကြည့်တို့ကြောင့် ရှင်းအေးခဲသွားမိရင်း အောက်ဘက်ကိုမြန်မြန်အကြည့်လွှဲလိုက်သည်။ ပန်းအိုးကိုင်ထားသော လက်တို့သည်လည်း တင်းကျပ်သွားလျက်..
YOU ARE READING
Boku No Random BL(OC)[completed]
Dragosteတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai