》》》》》》2018,January
'..နှင်းတွေကျနေသေးတာပဲ..'
ဖြူလွှလွှလေးဖြစ်နေသောလမ်းလေးထက် သူတစ်လှမ်းချင်းလျှောက်နေခဲ့သည်။ ပတ်ထားသောမာဖလားအနီလေးအား လက်တို့နှင့်ဆုပ်ကိုင်ထားရင်း မျက်ဝန်းပြာပြာတို့က မြူမှုန်တို့အား ငေးမောလျက်..
မဟာအိမ်တော်နဲ့ ဒီအိမ်တော်က အဲ့လောက်ဝေးမှန်း တကယ်..မသိခဲ့ဘူး
ကားနဲ့လာခဲ့တာမို့ မသိသာတာထင်ပါရဲ့..လူရှင်းနေသောလမ်းထက် သူအတွေးများထဲ နစ်မြုပ်နေခဲ့သည်။
နှင်း..
ရွှေဝါရောင်ဆံပင်လေးနှင့် သူမက..ကိုကို့ရဲ့မြတ်နိုးသူဆိုတာပေါ့နော်..
လိုက်ဖက်တယ်.. ကိုကိုနဲ့လေ..'......'
ဒါပေမဲ့..
သူ့ကိုအခုထိစိတ်အနှောက်အယှက်ပေးနေသေးတာ.. ထိုမီးခိုးရောင်မျက်ဝန်းတွေ..
သူမ..တော့.. မဖြစ်လောက်ဖူးမို့လား..သူမက ဟန်အိမ်တော်ရဲ့.. တစ်ဦးတည်းသောထိုသခင်မလေးနဲ့ ဘာကြောင့်များ အဲ့လောက်ထိ တူနေရတာလဲ..
'Argh...'
ဟန်သခင်မလေးကို တွေးမိချိန်တိုင်း နာကျင်စွာဝဲတက်လာသော မျက်ရည်တို့ကို သူခုထိမထိန်းချုပ်နိုင်သေး..
သူမ ပါသော ထိုအတိတ်တို့က နာကျင်ခဲ့ရသည်မို့လား..သူမတော့.. မဖြစ်လောက်ပါဘူး
'Hah...'
ကျွန်တော်ဟာလေ.. ကိုကို့ရဲ့တန်ဖိုးထားရတဲ့သူကို ဟန်သခင်မလေးလိုသူမျိုးနဲ့ ဘာကြောင့်များခိုင်းနှိုင်းနေပြန်တာလဲ..
ကျွန်တော့်အတွေးတွေကို ကိုကိုသာကြားကြည့်ပါလား..
ကျွန်တော့်ကို တကယ်စိတ်ဆိုးသွားမှာ..တောင်းပန်ပါတယ်.. ကိုကိုရော.. နှင်းရော..
ကျွန်တော် တကယ်မကောင်းတဲ့သူပဲနော်.. hah..'Ahh..'
ရင်ဘတ်မှ လှိုက်တက်လာသော ခံစားချက်တစ်ခုကြောင့် ကျွန်တော်အံကြိတ်လိုက်မိသည်။
လမ်းလျှောက်ပြန်တာလည်း တစ်မျိုးလေးကောင်းပေမဲ့လည်းလေ..
ခွေယိုင်ကျချင်နေသော ခြေထောက်တို့အား တစ်ချက်ကြည့်မိရင်း ဖုန်းကိုပြန်ထုတ်လျက် လက်တို့ကနံပါတ်တစ်ခုဆီ..
![](https://img.wattpad.com/cover/143260623-288-k389470.jpg)
YOU ARE READING
Boku No Random BL(OC)[completed]
Romanceတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai