Random 4 အမုန်း

5.9K 373 15
                                    

》》》》》》2018, June

'....'

မဖြစ်နိုင်တာ..
ကျွန်တော် ရှင်းအပေါ်မှာထားတဲ့ သံယောဇဉ်တွေက... တွေ့စကလို ဖြူစင်သေးရဲ့လားလေ..
ကျွန်တော်တောင်သတိမထားမိပါပဲ.. ဘယ်အချိန်ကတည်းကများ.. အရောင်တွေစွန်းထင်းသွားခဲ့တာလဲ..

'..!..'

ရှင်းအကြောင်းတွေးလိုက်သည်နှင့် တသိမ့်သိမ့်မြန်လာသော နှလုံးခုန်သံတို့အား နားမလည်နိုင်တော့..
ကျွန်တော့်နှလုံးသားအား ကျွန်တော်ကိုယ်တိုင် ပြန်ဆန်းစစ်ရတော့မယ်ထင်ပါရဲ့လေ..

စိတ်ရှုပ်ထွေးစွာ ခေါင်းငုံ့ချမိတော့ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော်ကြောင်အသွားမိသည်။ တိတ်ဆိတ်သွားလေသော ထို ၁၀ စက္ကန့်လောက်လေးအတွင်းမှာ.. ကျွန်တော့်အသက်ရှူသံတို့ ရပ်တန့်သွားလေသလား..

ရင်ဘတ်အတွင်း မီးစနှင့်ထိုးသလို ပူလောင်လာသောခံစားမှုကိုတော့ ကျွန်တော်သတိထားနေမိပါသည်။

'..သွေး..တွေ..'

ရုတ်တရက်ဆို မမြင်နိုင်ပေမဲ့ သားမွှေးကြမ်းခင်းထက်တွင် အကွက်လိုက်ဖြစ်နေသော သွေးစများရှိနေကြသည်။ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသော သွေးကွက်တို့က ကျွန်တော့် ခံနိုင်ရည်အားတို့ကို တစ်စစီတိုက်စားနေကြသည်။

သွေးတွေ ဒီလိုအကွက်လိုက်အိုင်ထွန်းနေရအောင်
ရှင်းကို ဘယ်လောက်ထိတောင်..
ရှင်းကို.. ဘယ်လောက်များထိ.. နာကျင်စေခဲ့တာလဲလေ..

လက်တွင်စွန်းထင်းနေသည့် သွေးတွေကပင် များလွန်းနေပါပြီ။

ကြမ်းခင်းမှ သွေးကွက်တို့အားကြည့်ရန် တဖြေးဖြေးနှင့်ခံနိုင်ရည်မဲ့လာတာကြောင့် ကျွန်တော်အခြားတစ်ဖက်သို့ လှည့်ရင်းအံကြိတ်ထားမိပါသည်။

'..နှင်း!.. မင်းဘာတွေ လျှောက်လုပ်နေတာလဲ..ကွာ..'

တိုးတိတ်စွာ မေးမိတော့ မဲ့ပြုံးပြုံးပြသောသူမ..
သူမမျက်နှာကိုမြင်သည်နှင့် ရင်ဘတ်တွင် ကျွန်တော်ကိုယ်တိုင်ပင်မသိသော ဒေါသတို့ပေါက်ဖွားလာတာကြောင့် လက်ကိုခပ်တင်းတင်းဆုပ်ထားမိသည်။

Boku No Random BL(OC)[completed]Where stories live. Discover now