ရှင်းအား ကျေနပ်အားရအောင် ခေါင်းပုတ်ပေးပြီးချိန်တွင်တော့ Sempaiတစ်ယောက် သူ၏တည်ငြိမ်သူပုံစံပြန်ဖမ်းလိုက်ရင်း ရှင်းကိုအားနာစွာပြုံးပြသည်။
'Sorry ရှင်း.. ရှင်းကိုကလေးလို ဆက်ဆံတာမကြိုက်ဘူးမို့လား? ကိုယ်ကလေ ကြောင်လေးတွေကိုအရမ်းချစ်လို့ heh^^'
'.....'
ဘာမှလဲမဆိုင်ပဲနဲ့..
ရှင်း မျက်လုံးများနဲ့တစ်ချက်ကြည့်လိုက်ရင်း နွားနို့တွေကိုသာ ပိုက်လေးနဲ့သောက်နေလိုက်သည်။ဆိုင်တာမဆိုင်တာကိုတော့ ရင်ဘတ်ထဲကျေနပ်စွာပြုံးပျော်နေသော Sempai တစ်ယောက်သာသိပေသည်။
ရှင်းနွားနို့ကုန်အောင်သောက်ပြီးချိန်တွင်တော့ sempai က အခွံကိုယူရင်း ဘေးဘက်ခပ်လှမ်းလှမ်းမှပုံးလေးထဲ သွားပစ်ပေးသည်။ ရှင်းတားချင်ပေမဲ့ sempaiနဲ့ အရင်အကြိမ်ကအဖြစ်တို့ကို ပြန်သတိရလာတာကြောင့် ငြိမ်ငြိမ်လေးပဲထိုင်နေမိသည်။ Sempai က ရှင်းအပြုအမူကိုကျေနပ်သွားဟန် သဘောကျစွာပြုံးနေလေရဲ့..
'Arigatou sempai~'
'Mmn.. ရှင်း ဆေးတွေရော သေချာသောက်ရဲ့လား.. မိုးရာသီဆိုတော့ အရမ်းနေမကောင်းဖြစ်လွယ်တာ..'
'အာ.. သောက်ပါတယ် sempaiရာ Kuroရော Yui ရော နောင်ရော အခုsempai ပါဒီလောက်ပြောနေကြတာ တကယ်တော့ ကျွန်တော်အဲ့ဆေးတွေ သောက်တောင်မသောက်ချင်တော့ဘူး အာ့တွေကအရမ်း အရမ်းပဲခါးတယ်..'
ဆေး၏အရသာကို ပြန်သတိရသွားဟန် ရှင်းသွားလေးတွေစိရင်း ပုခုံးလေးတွေကျုံသွားသည်။သူပြုံးရုံသာပြုံးပြမိရင်း ရှင်း၏ပုခုံးလေးကို ခပ်ဖွဖွလေးပုတ်ပေးမိသည်။
'ရှင်း အဲ့လိုမတွေးပါနဲ့.. ရှင်းမြန်မြန်သက်သာဖို့ ဆေးတွေကိုသေချာသောက်ရမယ်လေ'
'ဟူး.. Sempai ကတော့ တကယ် Doctor ပီသတာပဲ'
ရှင်းစိတ်ဓာတ်ကျသွားသည့်ပုံစံလေးနဲ့ ပြောလိုက်သော်လည်း သူ့မျက်ဝန်းပြာတို့ကနွေးထွေးနေသည်။
Sempai သူ့ကိုစိုးရိမ်လို့ပြောပြနေတာ... သူသိတာပေါ့..သူ မဟာအိမ်တော်ကိုရောက်စက ခဏခဏနေမကောင်းဖြစ်သည့်အတွက် sempai အမြဲတမ်းလိုလို သူ့ကိုကုပေးရသည်။ ထိုမှတစ်ဆင့်စကားတွေပြောဖြစ်ကြရင်း ရင်းနှီးလာကြတာလေ..
ရှင်းကို Otaku မှန်းလည်းသိရော ပိုပြီးတော့တောင်ရင်းနှီးလာတော့တာပဲ..
![](https://img.wattpad.com/cover/143260623-288-k389470.jpg)
YOU ARE READING
Boku No Random BL(OC)[completed]
Romansaတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai