Random 19.5

1.7K 103 2
                                    

Random 18 အားပြန်ဖတ်ကြပါရန်**

》》》》》 2017,September

'..ကိုကို..'

အဖြူရောင်ကောင်ငယ်လေးရဲ့ တိုးဖွဖွခေါ်သံအဆုံး.. ရင်ဘတ်တစ်ခုလုံး ထူးဆန်းစွာ လှိုက်ခနဲ နွေးထွေးသွားတာကြောင့် မျက်ဝန်းများကာပြူးကျယ်ကာ သူရပ်တန့်သွားမိသည်။
.
.
.

"..ကိုကို.. heheee.."

နားထဲတွင်ကြားယောင်လာရသော ကောင်လေးတစ်ယောက်၏ ရင်းနှီးသောခေါ်သံလေး..
ဝါဖျော့ဖျော့ ဆံပင်ပွပွလေးများနဲ့ တောက်ပစွာပြုံးပြနေသော ကလေးလေးတစ်ယောက်၏ ပုံရိပ်လေးအား သူမြင်နေရသည်။

ဘာလို့..
.
.
Seka..

အခုချိန်မှ ဘာလို့..

သူရင်ဘတ်ထဲဆစ်ခနဲ ဖြစ်သွားမိရင်း Seka ၏အမည်နာမကို စိတ်ထဲတွင် ထပ်ကာထပ်ကာ ရေရွတ်နေမိသည်။

Seka..
ဘာလို့လဲ..

'...'

အတိတ်မှ ဆွေးမြေ့သောခံစားချက်တို့က သူ့ရင်အား တစ်စစီ တိုက်စားနေကြသည်။ နှလုံးသားတစ်စစီဖြစ်သွားတော့မလို နာကျင်နေပေမဲ့လည်း ထိုတစ်ချိန်တည်းမှာပင် ထူးခြားစွာ နွေးထွေးနေခဲ့ပြန်သည်။ အရာအားလုံးထက်.. အနွေး.. ထွေး.. ဆုံး..

'...!...'

မျက်ဝန်းထဲမှ ဝါဖျော့ဖျော့ဆံပင်လေးနဲ့ လှိုက်လှဲစွာ ပြုံးပြနေသော ပုံရိပ်ငယ်လေး တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်လာသောအခါ.. သူနာကျင်စွာ..
မျက်ဝန်းအောက်မှ အပြီးတိုင် ပျောက်ကွယ်သွားမည်ကို ထိတ်လန့်နေမိရင်း.. အနှစ်သက်ဆုံးအရုပ်လေးတစ်ခု ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေလေသော ကလေးငယ်တစ်ဦးနှယ်..
အကျိုးမရှိမှန်းသိသော်လည်း အမှတ်မရှိစွာ.. အဖြူရောင်ပုံရိပ်လေး မပျောက်ကွယ်သွားရအောင် ထွေးပွေ့ထားပစ်မိပြန်ပါပြီ..

'..Seka..'

သူတိုးဖွစွာ တောင်းပန်နေမိပါသော်လည်း.. သူ့ရင်ခွင်ထဲမှ အဖြူရောင်ပုံရိပ်လေးမှာ တစ်စထက်တစ်စ မှေးမှိန်ပျောက်ကွယ်လာသည်။
သူ့ကို့မော့ကြည့်ရင်း..
နောက်ဆုံးအချိန်ထိ.. တောက်ပစွာပြုံးပြနေခဲ့တာ.. ထိုအပြုံးတွေက..
.
.
.
ရင်ဘတ်မှ လစ်ဟာသွားသလို ခံစားချက်တစ်ခုကို လျစ်လျူရှုထားမိရင်း ရှင်းကို အသာငုံ့ကြည့်မိတော့..
ထိုကောင်ငယ်လေးက မျက်ဝန်းပြာပြာတို့နှင့် သူ့ကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

Boku No Random BL(OC)[completed]Where stories live. Discover now