》》》》》A/N
Gomen!!Reader-chan( 。・゚゚・(>д<)・゚゚・。)
အရင်ပတ် Wed မှ ၇ ဘာသာလုံး ဖြေပြီးတာ(exam က ၂ပတ်ကြီးများတောင် ဖြေရတာအီစိမ့်.. (*¬*)Exam ပြီးပြီးချင် ထိုင် type နေတာ drama ရေးတာဆိုတော့ သာသာ့ရေးတာ တော်တော်လေး အားစိုက်လိုက်ရ.. ┐(‘~';)┌
ဒီနေ့မှပြီးတယ် huu~( သာသာ is a slow writer desuu (゚´Д`゚)゚Gomen for the wait desuu ( p_q)
~Yuki Sempai~Total: 1.37 words
》》》》》》》》》》
ဒေါက်တာဟာ မျက်နှာဖုံးကိုဆွဲချွတ်ရင်း လက်အိတ်တို့ကို သေသပ်အောင်ဆွဲတင်ပြီးမှ သူတို့တစ်ယောက်ချင်းဆီကို လေးနက်စွာကြည့်လာခဲ့သည်။
"...လူနာက...."
ဒေါက်တာရဲ့ ခဏလောက်လေးရပ်သွားသံက သူတို့အားလုံးရဲ့ နှလုံးသားကိုဖျစ်ညှစ်လိုက်သည့်အတိုင်း..
ဟင့်အင်း!
မအောင်မြင်ဘူးဆိုတဲ့စကားကို ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး!ဆက်ပြောဖို့စကားတွေကို ကောင်းကောင်းရွေးချယ်ရန် ဒေါက်တာ့ကို သူခြိမ်းခြောက်စွာစိုက်ကြည့်မိသည်။ အေးစက်သောမျက်ဝန်းနှစ်စုံက ထိုးဖောက်တော့မတတ် ကြည့်နေတာကြောင့် ဒေါက်တာလည်ပင်းမှအင်္ကျီစကို အသာဆွဲပြီး အသက်အောင့်ထားမိလျက်သား..
သခင်လေးတွေဟာ သူတို့ကြားချင်တာမပြောရင် နေရာမှာတင်လည်ပင်းညစ်တော့မဲ့ ပုံစံတွေနဲ့..
Haa~ တကယ်လည်း လည်ပင်းညစ်မဲ့ပုံပဲကို..နှစ်ယောက်လုံးက အနားကိုဖြေးဖြေးချင်းတိုးလာနေတာကြောင့် ဒေါက်တာသက်ပြင်းဖျော့ဖျော့ချမိပါသည်။
သခင်လေးတွေရဲ့စိတ်ဟာ မလွယ်ပါရောလား..
ဘုန်းစစ်မဟာ လက်ကိုတင်းတင်းဆုပ်ရင်း ဒေါက်တာ့ကို ရန်သူတစ်ယောက်လို စိုက်ကြည့်နေသည်။ မျက်ဝန်းတွေထဲမှ အေးစက်မှုတွေကိုလည်း ဖုံးကွယ်မထားမိတော့..
"ရှင်း အဆင်ပြေရဲ့လားလို့ ဒေါက်တာ ဘာလို့ရပ်ပစ်လိုက်တာလဲ"
ပြောလာတဲ့စကားတွေဟာ တိုးညင်းပေမဲ့ တစ်လုံးချင်းဆီမှာ ဖိအားများစွာပါဝင်နေခဲ့သည်။
YOU ARE READING
Boku No Random BL(OC)[completed]
Romanceတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai