》》》》》》2018,June
'..ဟင့်..'
'နှင်းဘာဖြစ်လို့လဲဟင်.. နေမကောင်းဖြစ်နေပြန်တာလား?'
စိုးရိမ်စိတ်အပြည့်နှင့်သခင်၏ ခပ်တိုးတိုးမေးသံ..
နှင်း၏ညည်းညူသံတိုးတိုးကြောင့် ချက်ချင်းပင်ပြာယာခတ်သွားလေရဲ့။
ခေါင်းကိုဖိကိုင်ရင်း ယိုင်နဲ့စွာရပ်နေခဲ့သောနှင်းဆီ သူအမြန်ပြေးသွားရင်း ပွေ့ထူပေးမိသည်။'ကျစ်.. ကိုယ်တွေပူနေလိုက်တာ.. နောက်ထပ်ဖျားနေပြန်ပြီနှင်းရယ်'
'..ဟင့်အင်း.. နှင်း ဘာမှ.. မဖြစ်ဘူးရယ်..'
ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကြည့်လာရင်း ခပ်တိုးတိုးပြောလာသော နှင်း၏မျက်နှာလေးက နီထွေးနေလျက်..
အပူကြောင့် နှာသီးဖျားလေးတွေထိ နီရဲနေတာလေ..နှင်း၏ကိုယ်လေးကို သူပိုပြီးတင်းကျပ်စွာဖက်ထားမိသည်။ ရွှေရောင်ဆံနွယ်ခွေတို့က သူမပုခုံးထက် ပျော့ပျောင်းစွာအိကျနေပြီး.. မီးခိုးရောင်မျက်ဝန်းဝိုင်းဝိုင်းတို့က အပူရှိန်ကြောင့် မျက်ရည်တို့နဲ့ အလှပဆုံးတောက်ပနေကြသည်။ ဖြူဖျော့ဖျော့လက်လေးနှစ်ဖက်ကာ ထွေးဖက်ထားသော သူ့လက်များကို ဖွဖွလေးဆုပ်ကိုင်လာသည်။ထို့နောက် သူမ မော့ကြည့်ကာ သူ့ကိုစိတ်မပူစေရန် ညင်သာစွာပြုံးလာလေရဲ့..
'ဘာကို ဘာမှမဖြစ်တာလဲ နှင်းရဲ့အပူချိန်ကို ကိုယ်တောင်ခံစားလို့ရနေတဲ့ဟာ'
'..အာ..'
'ကျစ်.. ကိုယ့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့လား.. အခုကိုယ်နဲ့ဆေးရုံသွားရအောင်'
အကြောင်းပြချက်ပေးချင်နေသေးသောနှင်းကို သူနဖူးထက်ခပ်ဖွဖွနမ်းရင်း တိတ်ဆိတ်စေသည်။ မိုးရာသီထဲဝင်လာတော့ နှင်းရယ် ခဏခဏပဲ ဖျားလာတတ်သည်။ အဖျားရှိန်ကြောင့် နွမ်းလျနေကာ သူ့ရင်ခွင်ထဲတိုးဝင်လာတတ်သောသူမကို သူ မကြည့်ရက်တာကြောင့် အမြဲတမ်းဆေးရုံဆီဆွဲခေါ်သွားမိတာ..
သူမြတ်နိုးရသောသူမ ညိုးငယ်နေတာကို သူတစက္ကန့်လေးတောင် တကယ်မမြင်ချင်မိဘူးလေ..
စိတ်ပူတယ်..အရမ်းပဲ..
ထိုသို့ဖျားတိုင်းလည်း သူမကကြိတ်ပြီးခံစားနေတတ်တာကြောင့် သူအမြဲတမ်းဂရုတစိုက်နဲ့ စောင့်ကြည့်နေရသည်။ သူမမျက်နှာနည်းနည်းပျက်သွားတာနဲ့ သူချက်ချင်းပဲဆေးရုံကို လိုက်ပို့ပေးသည်။ Family Dr ခေါ်ရင်ရတယ်ဆိုပေမဲ့ သူကိုက အရမ်းစိတ်ပူနေမိတာကြောင့် အိမ်တော်ပိုင်ဆေးရုံထိ သေချာစစ်ဆေးစေပြီး ကုသစေမိတာလေ..
Family Doctorလေးကိုအကြာကြီးစောင့်နေမဲ့အစား သူကိုယ်တိုင်မြန်မြန်ပို့ပေးတာက ပိုပြီးကောင်းတယ်မို့လား..
![](https://img.wattpad.com/cover/143260623-288-k389470.jpg)
YOU ARE READING
Boku No Random BL(OC)[completed]
Romantizmတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai