Random 23

1.4K 103 17
                                    

》》》》》》2017,December

'Seka.. ကိုကို့ကိုထားခဲ့မယ်ဆိုရင် seka ကို ကိုကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးနော်'

သူ့ရှေ့မှ ၆ နှစ်အရွယ်ကလေးလေး၏ လက်များအားဆုပ်ကိုင်ရင်း ခပ်တိုးတိုးပြောမိတော့ သူ့ကို မျက်လုံးလေးဝိုင်းဝိုင်းလေးများမှိတ်ကျသွားသည်ထိ ရယ်မောပြလာသော ကလေးငယ်..

'ဒါဆိုရင် Seka ကိုကို့နားမှာပဲ အမြဲနေမယ်လေ အာ့မှ ကိုကိုလည်းဝမ်းမနည်းမှာ..'

ခေါင်းလေးညိတ်ပြရင်း ပြောလာသောကလေးငယ်၏ ဝါဖျော့ဖျော့ဆံပင်လေးအား ပုတ်ပေးလိုက်မိရင်း ခပ်ဖွဖွရယ်မောမိသည်။

'Seka လေး စကားတွေတတ်နေလိုက်တာ..'
.
.
.
'..mmm..'

ကျွန်တော်မျက်လုံးများကို အားယူရင်းဖွင့်လိုက်မိသည်။ ရှင်းကိုစောင့်နေရင်း အိပ်ပျော်သွားခဲ့မိတာထင်ပါရဲ့..

စောင်ထဲမှထွက်နေသော ရှင်း၏လက်လေးအား စောင်လေးခြုံပေးမိသည်။ သတိမရသေးသောရှင်းကို နွေးနွေးထွေးထွေးထားရမယ်လေ..
မျက်တောင်များစင်းကျရင်း အိပ်ရာထက်လဲလျောင်းနေသူက စိုးရိမ်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေလျက်..

'.....'

ကုတင်ဘေးတွင် ငြိမ်သက်စွာထိုင်နေရင်း အိပ်မက်ကိုပြန်မြင်ယောင်မိတာကြောင့် မျက်လုံးများကို မှိတ်ချလိုက်သည်။

'Hhh..'

တစ်ချိန်တည်းမှာပင် ရင်ဘတ်ထဲမှ လှိုက်တက်ကာ ဝမ်းနည်းလာတာကြောင့် အံကြိတ်ထားမိလျက်..

ကိုကို့ကလေးက ကိုကိုနားမှာပဲ အမြဲနေမယ်တဲ့လေ...

ဒါတွေအကုန်လုံးက seka နဲ့ နောက်ဆုံးပြောခဲ့တဲ့စကားတွေ..
.
.
နောက်ဆုံးတွေ့ဆုံခဲ့ရခြင်းဆိုလည်း.. ဟုတ်တယ်..

ကိုကို့နားမှာပဲ အမြဲနေမယ်ဆို Seka ရယ်..

ကျွန်တော်အကြည့်များကို အောက်ဘက်ကိုချမိရင်း မျက်ခုံးများကို တွန့်ချိုးထားမိသည်။ ရင်ဘတ်ထဲမှ လှိုက်တက်လာနေသော ခံစားချက်ကြောင့် မျက်ရည်များဝဲတက်လာရသည်။

Boku No Random BL(OC)[completed]Where stories live. Discover now