》》》》》2018,March
'Heheh နောင်လေး နဖူးက အဆင်ပြေရဲ့လား?'
ကားပေါ်မှဆင်းလာပြီးနောက် သူ့ဘေးတွင် ခပ်နောက်နောက်အပြုံးလေးဖြင့် ဖြူစင်စွာမေးလာသော ရှင်းအား နောင်မျက်လုံးများနှင့်ကြည့်ပေးလိုက်သည်။ သူအကြည့်နောက် ရှင်းရဲ့အပြုံးတို့ကပို၍ပင်တောက်ပလာသည့်အပြင် ထိုအကောင်လေးက သွားတက်ဖြူဖြူလေးများပေါ်သည်အထိ မကောင်းဆိုးဝါးရယ်သလို ရယ်မောနေသေးသည်။
'ဘာအဆင်ပြေရဲ့လားလဲ?! ဘယ်သူ့ကြောင့် ငါ့နဖူးစောင့်မိသွားတာလဲ! ဟွန်း'
'Aww နောင်လေးရယ် ဖွဖွ အမြန်သက်သာသွားအောင် ဒီကကိုကိုကြီး သေချာဂရုစိုက်ပေးမယ် Heh heh heh~'
ရှင်းလက်လေးတစ်ဖက်က သူ့နဖူးပေါ်ဖွဖွလေး ပုတ်ပေးလာသည်။ နောင်သူ့ရှေ့မှ မချိုမချဉ်လေးပြုံးနေသော အကောင်လေးအား သေးသေးလေးဖြစ်သွားအောင် ဖိညစ်ထားချင်မိသည်။
တကယ်.. စောင်ကလေးစုတ်..ကားပေါ်မှာ Cola လုရင်းနဲ့ နောင်တစ်ယောက် ဘေးဘက်ကမှန်နဲ့စောင့်မိသွားတာရယ်..
နဖူးကနည်းနည်းပဲနာပေမဲ့ ထိခိုက်မှုကြောင့်ရဲနေသေးတာ..'ဘာကိုကိုကြီးလဲ ဟွန်း'
နဖူးပေါ်မှရှင်း၏လက်ကို သူအသာဆွဲဖယ်ရင်း ပွပွလေးဖြစ်နေသော ဆံပင်နက်နက်တို့ကို နောင်လက်တစ်ဖက်နှင့်ဆွဲမွှပစ်လိုက်သည်။ ရှင်းကတော့ မျက်ဝန်းတွေကိုဖိမှိတ်ရင်း နှုတ်ခမ်းကအပြုံးတွေက ပျောက်မသွားတဲ့အပြင် ခပ်တိုးတိုးပင်ရယ်မောနေသေးရဲ့..
'ညီလေး စိတ်လျော့ စိတ်လျော့'
ခပ်နောက်နောက်ပြောနေရင်းက ရှင်းတစ်ယောက် နောင့်လက်များကိုရှောင်ကာ အရှေ့ဘက်သို့အမြန်ပြေးသွားသည်။ နောင်လူယုတ်မာအပြုံးပြုံးလိုက်ရင်း ကားပေါ်မှာထဲက မပြီးဆုံးသေးသောတိုက်ပွဲအား ပြန်ဆက်ရန် ရှင်းနောက်ကိုပြေးလိုက်သွားသည်။
အုပ်ချုပ်ရေးတာဝန်ကျသူတွေနောက်တွင် ဝင်ပုန်းနေသောရှင်းအား နောင်ဖမ်းရန်ကြိုးစားနေသည်။ အကုန်လုံးကလည်း ဆော့နေသော ကလေးနှစ်ယောက်အားကြည့်ကာ ရယ်မောနေလေရဲ့..
YOU ARE READING
Boku No Random BL(OC)[completed]
Romanceတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai