ချစ်မိတဲ့ကြယ်☆ ~Part 3~

1.7K 102 0
                                    


Krist;
ကျနော့နာမည်က Krist Perawat
ကျနော်က မကြာခင်ကြွေရတော့မယ့် ကြယ်လေးတပွင့်ပေါ့
ကျနော်တို့ကြယ်လေးတေက ကျနော်တို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့
ကမ္ဘာမြေပြင်ပေါ်မှာ ရှိနေတဲ့ အိပ်မက်နန်းတော်ကိုသွားဖို့အတွက် မြေပြင်ပေါ်ကို အလှည့်နဲ့ကြွေကြကြပြီး အိပ်မက်နန်းတော်ဆီ သွားနိုင်မယ့်ဂိတ်တံခါးဝကို ရောက်နိုင်ဖို့ လူသားတယောက်ရဲ့ စစ်မှန်တဲ့ ဆန္ဒတခုကို ဖြည့်ဆည်းပေးကြရတယ်လေ အခုဆို နှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ပြီးမှ ကျနော့အလှည့်ကို ရောက်လာခဲ့တာ ကျနော်က လူသားတေအကြောင်းကို သိပ်ဝင်စားတာ ကောင်းကင်ကြီးကနေပဲ ငုံ့ကြည့်ပြီး လူတေကိုလေ့လာခဲ့ရတာ ခုကိုယ်တိုင်လေ့လာခွင့်ရတော့မယ်လေ အပျော်တေနဲ့တွေးနေတုန်းးးး

Someone: P' Kristကို Lord Andrewက အခေါ်လွှတ်လိုက်လို့ပါ

Krist: Omm ငါအခုပဲ လိုက်ခဲ့လိုက်မယ်

*Lord Andrew ဆိုတာ ကျနောတို့ကြယ်အစုအဝေးကြီးရဲ့ အကြီးအကဲပေါ့ ကြယ်တေမကြွေခင် Lord Andrewနဲ့ တွေ့ပြီး ကမ္ဘာမှာနေရင် လိုက်နာရမယ့်စည်းကမ်းချက်တေကို နားထောင်ရတယ်လေ ခုလဲ ကျနောက မကြာခင်ကြွေတော့မယ့်ကြယ် ဆိုတော့ စည်းမျဉ်းစည်းကမ်းတေမိန့်ကြားဖို့ အခေါ်လွှတ်လိုက်တာနေမှာ *

Krist: ကျနော်ရောက်ပါပြီ အရှင်

L' Andrew: Krist မင်းကိုအခေါ်လွှတ်လိုက်တာက ကမ္ဘာပေါ်မကြွေခင် မင်းသိထားရမယ့် အကြောင်းတေကို ပြောပြချင်လို့ပဲ

Krist: အမိန့်ရှိပါအရှင်

L' Andrew: အိမ်းးး တကယ်တော့ ကမ္ဘာမြေဆိုတာ
သိပ်ကိုအန္တရာယ်များတဲ့နေရာပဲ လူသားတေဟာလဲ သိပ်ကို ဉာဏ်များပြီးလှည့်စားတတ်တယ် ပြီးတော့ အဓိကသတိထားဖို့က စုန်းမတေပဲ စုန်းမဆိုတာ နည်းအမျိုးမျိုးနဲ့ လှည့်ဖျားပြီး ကြယ်တေရဲ့ Innocent heartကို ရအောင်ယူလိမ့်မယ် ဘာလို့လဲဆိုတော့ ကြယ်တေရဲ့နှလုံးသားက သူတို့ရဲ့ အစွမ်းတေကို တိုးစေတယ်လေ
ဒါတေက ကြယ်တေ အိပ်မက်နန်းတော်ကိုသွားတဲ့ ခရီးလမ်းမှာ တွေ့ကြုံရမယ့် ရှောင်လွှဲမရတဲ့ ကံကြမ္မာပဲ

Krist: ဟုတ် ကျနော် မြဲမြဲမှတ်ထားပါ့မယ် ဒါဆို ကျနော်မျိုး အဆောင်ကိုပြန်လိုက်ပါအုံးမယ် အရှင်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now