ချစ်မိတဲ့ကြယ်☆ ~Part 5~

1.4K 92 0
                                    


Sing: အော် ဟုတ် P' Na ကျနော့နာမည်က Singto ပါ သူကတော့ Kristပါ

ကျနော် P' Na ကိုစကားပြောရင်း
အထဲဝင်ပြီး ကြယ်လေးကို ကျောပေါ်က ချပေးလိုက်တယ်

Sing: ကျနော်တို့ကို တည်းခိုခွင့်ပေးလို့ ထပ်ပြီး ကျေးဇူးတင်ပါတယ် P' Na... P' သာမကယ်ရင် ဒီညအတွက်တော့ မတွေးရဲဘူးဗျာ

P' Na: အော် တောကြီးမျက်မည်းထဲ မိုးတေ သည်းကြီးမည်းကြီးရွာတော့ တော်တော်ဒုက္ခရောက်လာကြမှာ
P' နားလည်ပါတယ် ဘာမှအားနာစရာမလိုဘူး P'က ဒီလိုပဲ
ခရီးသွားတေကို ကူညီနေကျပါ ကဲ ကဲ အအေးတေပတ်ကုန်တော့မယ်
အပေါ်ထပ် ညာဖက်အစွန်ဆုံးအခန်းက ဧည်သည်ခန်းပဲ သွားအနားယူကြပါအုံး P' ညစာလုပ်နေတာပြီးရင် လာခေါ်လိုက်မယ်

Krist: ညစာ ညစာ ပြောမှ ဗိုက်တောင်ဆာလာသလိုပဲ ဘာတေပြင်ထားတာလဲဟင်

Sing: ဟာ မင်းကလဲ P'ကို အားနာစရာ ဟိုလေ P'
တောင်းပန်ပါတယ် ခလေးက မသိတတ်လို့ပါ ကျနော်တို့မစားတော့ပါဘူး ဒီညအိပ်စက်ခွင့်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်

P' Na: အော် ရပါတယ် P' စားဖို့လုပ်နေတာနဲ့ ကြုံလို့ တခါထဲပြင်ပေးမှာ ဘာမှ အပန်းမကြီးဘူး ခနနေရေမိုးချိုးပြီးချိန်လောက်ဆို အဆင်သင့်ဖြစ်လောက်ပြီ

Krist: တွေ့လား P' ကတောင် ရပါတယ်ဆိုတာကို
ရှေ့ကနေ ကာဆီးကာဆီးနဲ့

ပြောပြောဆိုဆိုနဲ့ အပေါ်ထပ်ကို ကော့ကော့ ကော့ကော့
တက်သွားလို့ ကျနော့မှာ P' ကို အားနာပြုံးလေးပဲ ပြုံးပြပြီး အမြန်ပြေးတက်ခဲ့ရတယ် တကယ်ကို မလွယ်ကြောလေးပါဗျာ ဒီကြယ်လေးကို လမ်းတလျှောက် ဘယ်လောက်တောင် ထိန်းသွားရမလဲ အတွေးနဲ့တင် ရင်ပူမိပါရဲ့

Sing: Hey Kit Kit!

Krist: ဒီမှာ ကျနော်ရေအရင်ချိုးမှာနော် လာလုဖို့မကြိုးစားနဲ့

Sing: အေးပါကွာ ဘယ်သူက လုမယ်ပြောလို့လဲ မင်းခြေထောက် သက်သာသွားပြီလားလို့ မေးမလို့ဟာကို

Krist: လူကို နှိပ်စက်တုန်းက နှိပ်စက်ထားပြီး ခုမှ ဂရုဏာ လာသက်ပြမနေနဲ့ ဟွန့်

Sing: ဟ ငါကအကောင်း...နဲ့..

ကျစ် ပြောနေတာကို ဆုံးအောင်နားမထောင်ပဲ ရေချိုးခန်းထဲပြေးသွားပြန်ပြီ

ချစ်မိတဲ့ကြယ်☆Where stories live. Discover now