ချစ်မိတဲ့ကြယ်☆ ~Part 11~

1.3K 75 0
                                    


Peter: အေး မင်းတို့နဲ့ တွေ့ခဲ့တာလဲ ဟိုစုန်းမဖြစ်နေတာပဲ သူက လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဖူး အမြဲ သတိနဲ့နေကြ

Sing; Krist : ဟုတ်ကဲ့ပါ P'

Peter: ဒါနဲ့ မင်းတို့က ဘယ်သွားကြမှာလဲ

Sing: ကျနော်က ဝေါလ် ဆိုတဲ့ ရွာကို ပြန်မှာပါ P'

Peter: အေး အဲ့ရွာကို P' သိတယ် ရွာထိတော့မရောက်ပေမယ့် လမ်းသင့်တဲ့နေရာမှာ ချပေးလို့ရတယ် ဒီကနေတော့ ဝေးသေးတယ် အချိန်တော့ရတယ်မလား ဒါဆို Krist ကကော

Krist: ကျနော်မသိသေးဘူး P'

Peter: အချိန်ရပါသေးတယ် ဖြေးဖြေးစဉ်းစားကြည့်ပေါ့ ကဲ အဝတ်တေလဲ စိုထိုင်းထိုင်းနဲ့ ညစ်ပတ်နေတော့မှာပဲ ဟိုမှာ ရေချိုးခန်းကော အဝတ်လဲခန်းကောရှိတယ် ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး အဆင်ပြေတာ ယူဝတ်ကြ ဟုတ်ပြီလား

Krist: ကျနော်က အဆင်ပြေပါတယ် P'

Peter: ဟ မင်းက ပိုဆိုးတာကွ ကိုယ်ဝတ်လာတာလဲ ကိုယ်ပြန်ကြည့်အုံး Bathrobeကြီးနဲ့

Sing: ခစ်...ခစ် ခွိ..

Krist:  မရယ်နဲ့ အခြေအနေက သူ့ဟာသူဖြစ်သွားတာကို ပြီးတော့ အဲ့တာ စုန်းမမှန်း ဘယ်သူကသိမှာလဲ ငါဟဲ့ စုန်းမဆိုပြီး နဖူးမှာ စာကပ်ထားတာမှ မဟုတ်တာ

Sing: ဇိမ်ယူကောင်းလို့ အသတ်ခံရဖို့ နဲနဲပဲ လိုတော့တာလဲ ထည့်ပြောအုံးလေ

Krist: Grrrr ခင်ဗျားကြီး ဘယ်လိုဖြစ်နေတာလဲ လူကို စဖို့ပဲသိတာလားး တချိန်လုံး ဒေါသထွက်အောင် လာလုပ်နေတယ်

Peter: 55555 တော်ကြပါတော့ N' တို့ရယ်
နှစ်ယောက်သား ကြောင်နဲ့ကြွက် ကျနေတာပဲ သွား သွား
N' Sing အရင်သန့်ရှင်းရေးလုပ်လိုက်
P' ပြင်ဆင်ပေးစရာရှိသေးလို့

P' ပြောတာနဲ့ Singက အရင်ရေချိုးခန်းဝင်လိုက်တယ် သူပြန်ထွက်လာပြီးမှ ကျနော်လဲ ကိုယ်လက်အမြန်ဝင်သန့်စင်ပြီး
ပြန်ထွက်အလာ...

Peter: N' Krist ဒီမှာကြည့်ပါအုံး ဘယ်သူလဲ မှတ်မိရဲ့လား

Wowww အဲ့..အဲ့တာ Singမှ ဟုတ်ရဲ့လား အနက်ရောင် လက်ရှည်အကျီင်္က အသားနဲ့ကပ်နေလဲ မိုက်နေတာပဲ နဂိုဆံပင်ထက် နဲနဲပိုရှည်လာပြီး ဘေးခွဲထားတာလေးကလဲ သူနဲ့လိုက်နေတာပဲ ပိုသန့် ပိုခန့်သွားသလို..လို ဟာ ငါ ဘာတေတွေးနေတာလဲ

ချစ်မိတဲ့ကြယ်☆Место, где живут истории. Откройте их для себя