ချစ်မိတဲ့ကြယ်☆ ~Part 34~

1.1K 67 4
                                    


Sing: အားးးးးးးးး

Sing;
နာကျင်မှုကြောင့် အသံကုန်ဟစ်အော်မိတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေရာကနေ စုန်းမက လှည့်ကြည့်လာတဲ့အချိန် အခွင့်အရေးကို လက်လွတ်မခံဘဲ စုန်းမကို အတင်းတွန်းဖယ်ပြီး ကျနော့ဆီပြေးလာတဲ့ ကြယ်လေးးး ~
လဲကျနေတဲ့ ကျနော့ကို ဓားနဲ့ အုပ်မိုးထားတဲ့ P' Peter ကိုလဲ အတင်း တွန်းဖယ်ပစ်ပြီး ကျနော့ရှေ့ထိုင်ချရင်း ပါးနှစ်ဖက်လုံးကို သူ့လက်နှစ်ဖက်နဲ့ ထိကိုင်လာတဲ့ ကြယ်လေး ~

Krist: P' ကျ … ကျနော် သိပြီ

Sing: Huh ! ဘာ … ဘာသိ …

Krist: P' ကြယ်တေက ဘာလုပ်တတ်လဲဟင်

Sing: ………

Krist:  အဟင်း ဟင်း ကြယ်လေးတေက တောက်ပတတ်ကြတယ်လေ P' ရဲ့

Sing;
ပြောပြီးတာနဲ့ ကျနော့ရဲ့ နှုတ်ခမ်းပေါ်ကို ကျရောက်လာတဲ့ ကြယ်လေးရဲ့နှုတ်ခမ်းသားနုနု ~
ထူးဆန်းတာက ကျနော်တို့နှစ်ယောက်ရဲ့ နှုတ်ခမ်းချင်းထိလိုက်တာနဲ့ ကြယ်လေးဆီက ဖြာထွက်လာတဲ့ အလင်းတန်းတေ.… တဖြည်းဖြည်း စူးရှလာတဲ့ အလင်းကြောင့် မျက်လုံးတေတောင် အလိုလိုမှိတ်လျက်သား ~

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ကြယ်လေးနှုတ်ခမ်းတေ ကျနော့ဆီက ပြန်ခွာလိုက်မှ အသိပြန်ဝင်လာမိလို့ ဘေးဘီကြည့်လိုက်တော့ လဲကျနေတဲ့ P' Peterကလွဲလို့ စုန်းမတေကို မတွေ့ရတော့ဘူး

Sing: အမ် စုန်း … စုန်းမတေကော

Krist: အော် သူတို့က ကြယ်လေးတေရဲ့ Pure Light ကို ခံနိုင်ရည်မရှိလို့ ပြာမှုန်တေ ဖြစ်သွားပြီ P' ရဲ့

Sing: ဝိုးးးးတကယ် !!! ဒါ… ဒါဆို P' Peter ကကော

Krist: အွန်း P' ကတော့ ခနသတိလစ်သွားတာ စိတ်မပူပါနဲ့ မကြာခင် နိုးလာလိမ့်မယ်

Sing: Aww ဒါ ဒါနဲ့ Kit မှာ ဒီလို အစွမ်းတေရှိတာ P' မသိခဲ့ဘူး

Krist: ကျနော်လဲ မသိခဲ့ဘူး P' ဒါပေမဲ့ P' ဒဏ်ရာရသွားတဲ့အချိန်မှာ ကျနော် ရုတ်တရက် အသိဝင်လာပြီး လုပ်လိုက်မိတာ ဒီအစွမ်းတေက ကျနော် တစ်ယောက်ထဲ မလုပ်နိုင်ဘူးလေ

Sing: Huh !!!

Krist: ဟုတ်တယ် အသဲကွဲနေတဲ့ ကြယ်လေးတေက မတောက်ပနိုင်ဘူးလေ P' အချစ်တေကြောင့်သာ ဒီလို အစွမ်းတေကို Kit လုပ်နိုင်သွားတာ P' ရဲ့

ချစ်မိတဲ့ကြယ်☆Where stories live. Discover now