ချစ်မိတဲ့ကြယ်☆ ~Part 13~

1.2K 72 2
                                    


Sing;

သူခေါ်တာလေးကို အားရပါးရထူး ...အားရပါးရ ရယ်ပြီးတော့မှ ကျနော်လဲ သူ့အပေါ်က ဖယ်ပေးလိုက်ရင်း သူ့ဘေးနား ဝင်လှဲလိုက်တယ် သူ့ကိုစောင်းကြည့်လိုက်တော့ မောသွားလို့ထင်တယ် မျက်လုံးလေးအသာမှိတ်ပြီး နှုတ်ခမ်းနီတာရဲလေးက ဟစိ ဟစိ နဲ့ အမောဖြေနေတယ်လေ

ခုနောက်ပိုင်း သူ့မြင်ရင်ကို စချင်တဲ့စိတ်က အလိုလိုပေါ်လာတာ ထိန်းလို့ကိုမရဘူးဖြစ်နေတယ် ကျနော် စလိုက်လို့ နှုတ်ခမ်းလေးများစူပြီး အော်လိုက်ရင် အသည်းတေယားတာဆိုတာ
ဆွဲကိုက်ပစ်ချင်လောက်အောင်ပဲ မင်းက ဘာလေးလဲ  ကြယ်လေးရာ ...

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြားလို့ မျက်လုံးဖွင့်ကြည့်မိတော့
အင် ကျနော့ဖက်လှည့်ပြီး အိပ်မောကျနေတဲ့ ကြယ်လေးးး
အိပ်နေရင်းတောင် အဲ့နှုတ်ခမ်းက ဘာလို့ထော်နေမှန်းကိုမသိဘူး တကယ်ကို ဆွဲညှစ်ချင်စရာလေးး လူကို သမာဓိတရားများ စမ်းနေလား အောက်မေ့ရတယ်

စိတ်ကတွေးတုန်း လက်က စူထော်နေတဲ့ နှုတ်ခမ်းလေးကို
အလိုလို ရောက်သွားပြီး မထိတထိ သွားတို့ထိနေမိပြန်ပြီ...
Wow နီတာရဲ နှုတ်ခမ်းသားလေးက စိုပြီး နူးညံ့နေတာပဲ ကြယ်လေးတေရဲ့ နှုတ်ခမ်းက နဂိုထဲက အဲ့လောက်တောင်
စွဲမက်စရာ အထိအတွေ့မျိုးများ ရှိတာလားးး
(အမလေး ခိုခိုဆင်းရယ် တခါလာလဲ ကြယ်တေက နဂိုထဲက အဲ့လိုပဲလား အဲ့လိုပဲလား နဲ့  ကြယ်တိုင်း အဲ့လိုမဟုတ်ပါဘူးနော်
ခလေးမို့ အဲ့လို ချစ်စရာကောင်းနေတာပါဆို)

ဒေါက် ဒေါက် ဒေါက်

အမလေး လန့်လိုက်တာ အော် ခုနထဲက တံခါးခေါက်နေတာပဲ
တံခါးထဖွင့်လိုက်တော့...

Rome: P' Singတို့ကို ညစာစားဖို့ Cap ကခေါ်ခိုင်းလိုက်လို့ပါ

Sing: Ow ညတောင်ရောက်သွားပြီလား Omm Omm Kristကို နှိုးပြီးတာနဲ့ နောက်က လိုက်ခဲ့လိုက်မယ်နော်

Rome: ဟုတ် အဲ့တာဆို ကျနော်သွားနှင့်ပြီနော်

တံခါးပိတ်ပြီး ပြန်ဝင်လာတဲ့ထိ မနိုးသေးတဲ့ ကြယ်လေးး

ချစ်မိတဲ့ကြယ်☆Where stories live. Discover now