Sing;
မျက်နှာကိုအုပ်ထားတဲ့ Kit ရဲ့လက်ကလေးတဖက်ကို ဆွဲယူပြီး ကျနော့ဘယ်ဖက်ရင်အုံပေါ် တင်လိုက်တော့ ရဲတွတ်နေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်လာတဲ့ကြယ်လေးSing: Kit ဘယ်လိုခံစားရလဲ
Krist: Ah Ah ဟာ ဒီနေရာက ဘာလို့ အဲ့လောက်တောင် တုန်နေတာလဲ ဟင် P' ဘာ ဘာဖြစ်တာလဲ နေရခက်နေတာလား
ခုထိ နေမကောင်းသေးဘူးလား ဟင် P' ကျ..ကျနော့ကိုပြောပါအုံးးးSing;
ကဲ ကျနော့ရဲ့ ကြယ်ငဒူလေး ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်လဲ ကြည့်ပါအုံးဗျာ ကျနော့ရဲ့ ဗြောင်းဆန်နေတဲ့ ရင်ခုန်သံလေးကို သူသိအောင်ပြခါမှ စိတ်ပူပြီး ယောက်ယက်ခတ်နေတာများ အသည်းတေယားလွန်းလို့ သူ့ကို စချင်လာတာနဲ့ …Sing: Omm P' တကယ်နေလို့မကောင်းဘူး Kit ရယ်
Krist: ဟုတ် .. ဟုတ်လား P' အာ့ဆို ပြန်လှဲနေလိုက်လေ ခန Kit အိပ်ရာပြန်ပြင်ပေးမယ်
ပြောပြောဆိုဆိုနဲ့ ထရပ်ဖို့လုပ်နေတဲ့ Kit လက်လေးကို လှမ်းဆွဲလိုက်တော့ ကျနော့ရင်ခွင်ထဲ တန်းခနဲကို ပြုတ်ကျလာပါလေရော
Krist: အာာ P' ဘာ..ဘာလုပ်တာလဲ လို့ ဖယ်ဗျာ ..
အော် ကျနော့ကို မော့ကြည့်ပြီး နှုတ်ခမ်းလေးစူရင်း ပြောနေပုံက ကျနော့ကို ဘယ်လိုတောင် ထိန်းချုပ်မရအောင် မြူဆွယ်နေလဲဆိုတာ သူ့ကိုယ်သူတောင်သိတဲ့ပုံ မပေါ်ဘူး ဟူးးး
Sing: ဒီလိုလေးပဲ ခနငြိမ်နေပေးပါ Kitရယ် P' အခုဖြစ်နေတဲ့ ရောဂါကို Kitလေးပဲ ပျောက်အောင်ကုနိုင်မှာ
Krist: အာာ P' ကလဲ ကျနော်ဒီလိုကြီးနေတော့ P' နေရခက်နေမှာပေါ့ သက်တောင့်သက်သာဖြစ်မှ မြန်မြန်သက် .. သက်သ..သာ ...အွတ် ...
Sing;
ပြောတာကို နားမထောင်ပဲ တရစပ်ပြန်ပြောနေတဲ့ နှုတ်ခမ်းထော်ထော်လေးကို အသာငုံ့ထိပြီး အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်လိုက်တော့မှ ငြိမ်ကျသွားတဲ့ ကြယ်လေးSing: ကဲ မှတ်ပြီလား ငြိမ်ငြိမ်နေပါဆိုမှ ပြောစကားနားမထောင်ဘူး
Krist: … …
Sing: Kit !! Kit !! Ow Kit !!
ကျနော်ပြောနေတာကို ပြန်လဲမပြော လှုပ်လဲမလှုပ်ပဲ ရင်ခွင်ထဲမှာ ကျောက်ရုပ်ဖြစ်နေတဲ့ကြယ်လေးကိုကြည့်ရင်း စိတ်ထိန်းမရတော့တာနဲ့ ကျနော်လဲ သူ့နှုတ်ခမ်းလေးတေဆီ ပြန်ဦးတည်မယ်ကြံတုန်းရှိသေး …
VOUS LISEZ
ချစ်မိတဲ့ကြယ်☆
FanfictionIntro Sing; လက်ထဲက ဖယောင်းတိုင်လေးကို မီးညှိပြီး ''ဘေဘီလွန် ဘေဘီလွန် Candleလေး ကြယ်ကြွေလေးဆီ ပို့ဆောင်ပေး'' လို့ ကျနော်ရွတ်လိုက်တာနဲ့ ရုတ်တရက်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရပြီး ကွင်းပြင်ကျယ်တခုကိုရောက်သွားခဲ့တယ် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျနော့...