ချစ်မိတဲ့ကြယ်☆ ~Part 31~

1K 74 0
                                    


Sing;
ဒီလိုနဲ့ ရွာထိပ်ရောက်တော့ U Tay နဲ့ ပက်ပင်းတိုးတော့တာပဲ

U Tay: ဟာ မင်း မင်း ဘယ်လိုပြန်ရောက်လာတာလဲ

Sing: U...U Tay

U Tay: မသေကောင်း မပျောက်ကောင်း ငါ့တူရာ ဘာလို့ ဒီလောက်အကြာကြီး ပျောက်သွားရတာလဲ တံတိုင်းကမဖြတ်ပဲ မင်းရုတ်တရက် ပျောက်သွားလို့ ရွာထဲက လူတေကလဲ သို့လော သို့လော ပြောနေကြတာ မင်းPar ခမျာလဲ စိတ်ပူပြီး နေ့တိုင်းမျှော်နေရှာတာ

Sing: ဟုတ် ကျနော်လဲ ပြန်လာဖို့ အခြေအနေ
လုံးဝမပေးခဲ့လို့ပါ U ရယ်

U Tay: အေးကွာ ဘာပဲဖြစ်ဖြစ် ပြန်လာတာကောင်းတယ် ဒီနေ့ Cherry မွေးနေ့မို့ သူကြီးကလဲ သိပ်အပြစ်တင်မှာမဟုတ်လောက်ပါဘူး သွား ဝင်သွားတော့ ကံကောင်းပါစေကွာ

Sing: ဟုတ် ကျနော်သွားပြီနော်

ရွာထဲရောက်တော့ Cherry မွေးနေ့မို့ တရွာလုံးနီးပါး သူကြီးအိမ်ကို ရောက်နေကြတယ်လေ ကျနော့ကိုမြင်တော့ တယောက်တမျိုး တီးတိုးပြောနေကြတာပေါ့ ကျနော်လဲ ဂရုမစိုက်ပါဘူး အရင်ဆုံး Parဆီကို သွားလိုက်တယ် Par က ကျနော့ကိုတွေ့တော့ …

Par: ဟာ သား သားပြန်လာပြီနော် သားရယ် သွားလိုက်တာများ အကြာကြီးပဲကွာ

Sing: ဟုတ် ကျတော် တောင်းပန်ပါတယ် ပါး ပြန်လာဖို့ လုံးဝအခြေအနေမပေးခဲ့လို့ပါ ဒါပေမဲ့ မားကိုလဲ ခုထိ မရှာနိုင်ခဲ့သေးဘူး ပါး ခုတောင် Cherry မွေးနေ့မို့ ခနပြန်လာတာပါ
ပြီးတော့ ပါးကို မိတ်ဆက်ပေးချင်တဲ့သူလဲ ရှိသေးတယ် သူ့ကိုကော မားကိုပါ ရအောင်ခေါ်ပြီး ပါးဆီ ပြန်ခဲ့ပါ့မယ် သားကတိပေးပါတယ် ပါး

Par: အေး ပါးကတော့ ဘာမှဝင်မပြောဘူး အရာအားလုံး သားသဘောပါ ဒါနဲ့ သားဘယ်လိုပြန်ထွက်မှာလဲ

Sing: ကျနော် သူကြီးကို အားလုံးရှင်းပြပြီး ရအောင်ပြောမှာပါ ပါး

Par: ပါးတော့ ရမယ်မထင်ဘူး သူကြီးက သိပ်စည်းကမ်းကြီးတာ တကယ်ဆို ကိစ္စတေ မပြီးပြတ်မချင်း မင်းပြန်မလာသင့်ဘူး သားရယ်
ကဲ ပြောနေလဲ ထူးမှာ မဟုတ်ဖူး Cherry ဆီသွားမလို့မလား Cherry ကို ဟိုဖက်အိမ်ထောင့်မှာ ပါး ခုနက တွေ့လိုက်တယ်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now