ချစ်မိတဲ့ကြယ်☆ ~Part 35~

1.1K 67 2
                                    


Sing: ဒါဆို ပါးနဲ့မားကို မိတ်ဆက်ပေးစရာလူရှိသေးတယ်
ဒီကိုလာ Kit

Sing's Par: သူလေးက …

Sing's Mar: အော် အဲ့ဒါ ကြယ်လေးလေ ကိုရဲ့ ကျမတို့သားလေးရဲ့ ချစ်သူပေါ့

Sing's Par: ဟေ

Sing: ဟို ဟို ကျနော်တို့ကို လက်ခံပေးမယ် မဟုတ်လား ဟင်
ပါး မား

Sing's Mar: ပြောနေစရာ လိုသေးလို့လား သားရယ် ကြယ်လေးကိုဆို မားတို့ က ချစ်ပြီးသား ဟုတ်တယ်မလား ကို

Sing's Par: Huh အော် အေး အေး မင်းက ငါ့သား ချစ်ရင်လဲ ချစ်ချင်စရာလေးပဲကိုကွ ha ha ha

Sing: Oh Hoh !!! ရှက်ရမ်းရမ်းပြီး  P' လက်မောင်းချည်း ဆွဲလိမ်လိမ်နေတာ နာလာပြီ ကြယ်လေးရ

Krist: ဟာ P'… P' နော် ဟွန့်

Sing's Par, Mom & Sing: 5555+++++

Peter: ဘာတေအဲ့လောက်ရယ်နေကြတာတုန်းဟ

Krist: ဟာ P' … P' သတိရလာပြီနော်

Peter: အေး ဟိုစုန်းမနဲ့ ချနေရင်း ငါလဲ ရုတ်တရက်ခေါင်းမူးပြီး ဘာဖြစ်သွားမှန်းကို မသိတော့တာ

Sing: P' ကျနော့ကို လိုက်သတ်နေတာလေ

Peter: ဟေ !!!

Krist: အာ ဘာ ဘာမှမဟုတ်ဘူး P' သူလျှောက်ပြောနေတာ ခုကောဘယ်လိုနေသေးလဲ သက်သာလား

Peter: Ommm ခုတော့ သက်သာနေပါပြီ ဒါနဲ့ စုန်း … စုန်းမကော ဘာဖြစ်သွားပြီလဲ

Sing: သူ …သူမရှိတော့ဘူး P' ရဲ့ P' မမှတ်မိပေမယ့် P' ရယ် ကျနော်ရယ်  ကြယ်လေးရယ် ပေါင်းပြီး ရှင်းလိုက်ကြပြီ ခုစိတ်လျှော့လိုက်လို့ရပြီ

Peter: ဟင် တ …တကယ်လားဟင် P' တို့ သူ့ကို တကယ် အပြတ်ရှင်းလိုက်နိုင်ပြီပေါ့နော် Jane လေးရေ ကိုယ်တို့လုပ်နိုင်ခဲ့ပြီတဲ့ မင်းလေးလဲ အခုကစပြီး လွတ်မြောက်ပါစေကွာ

Krist;
ပြောရင်း မျက်ရည်တေကျလာတဲ့ P' Peter ကို ကျနော်ကော P' Sing ပါ ဖက်ပြီး အားပေးခဲ့ကြတယ် P' လဲ အားရပါးရ ငိုပြီး ကိုယ့်ကိုယ်ကိုလဲ လွတ်မြောက်ခွင့် ပေးလိုက်ပါတော့နော်
P' ရဲ့ အခုမျက်ရည်တေဟာ ဝမ်းသာမျက်ရည်တေဖြစ်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ် ~

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>

နှစ်နှစ်ခန့်ကြာသော် ~

ခမ်းနားလှတဲ့ အိမ်ကြီးတစ်လုံးမှာ ပွဲတစ်ခုလုပ်ဖို့ အတွက် လူတေအားလုံး ကိုယ်စီအလုပ်ရှုပ်နေကြတယ်

Sing's Mom: ဟဲ့ ဒါ ဒီနား ထားလို့မရဘူးလေ ပြန်ယူသွား အေး အေး အဲ့ဒါလေး ဒီဖက်ပြန်ယူလာခဲ့ အော် ဟဲ့ အဲ့လို မဟုတ်ဖူးလေ

Sing: မားရယ် ဒီတိုင်းလေး အကျဉ်းချုံးပဲ လုပ်ပါ့မယ်ဆို အလုပ်ရှုပ်အောင်

Sing's Granma: အော် ငါ့မြစ်လေးရဲ့ ပထမဆုံးမွေးနေ့ကို ဖြစ်သလို လုပ်စရာလား ဒါတောင် မင်းပြောလို့ တော်တော် ပြန်လျှော့ပေးထားတာနော် Sing

Sing: ဟုတ်ပါပြီဗျာ ဖွားသဘော ဖွားသဘော ဟုတ်ပြီလား ဒါနဲ့ P' ကော

Sing's Mom: ခုနက အိမ်ရှေ့မှာ တွေ့လိုက်သလားလို့

Sing: ဟုတ် မား သားသွားကြည့်လိုက်အုံးမယ်

အိမ်ရှေ့အထွက် ~

Sing: ဟာ P' ကျနော်သိနေတယ် P' ကိုယ်တိုင် ဝင်လုပ်နေမယ်လို့ အေးအေးဆေးဆေးနေတာ မဟုတ်ဘူးဗျာ

Peter: အာ မင်းကလဲ P' က အပေါ်ယံလေးလုပ်တာပါ ဒီတိုင်း ထိုင်နေတော့လဲ ပျင်းတယ်ကွ ကိုယ်လက်လှုပ်ရှားမှုလေးလဲ ဖြစ်လို့ မတားပါနဲ့ကွာ အရမ်းပင်ပန်းတာတေ မလုပ်ပါဘူး ဒါနဲ့ ကြယ်လေးကော

Sing: အိပ်တုန်းလေ P' ရဲ့ Kit ဒီလောက် အစောကြီးထတာ မြင်ဖူးလို့လား

Krist: အော် အိပ်နေတယ်ဆိုပြီး အတင်းတုပ်နေတယ်ပေါ့လေ ဟုတ်လား

Sing: အာ Kit မ… မဟုတ်ပါဘူး P' က ဒီတိုင်းမထသေးဘူးပဲပြောလိုက်တာကို ဟီး အော် သားလေးကော တူတူနိုးလာပြီလား ပါပါးဆီ လာပါအုံး သားရဲ့

Krist: သူ့မွေးနေ့မှန်း သိလို့လားမသိပါဘူး P' ရယ် အစောကြီးနိုးပြီး Kit ကိုပါ အတင်းနှိုးနေတာနဲ့ ဆက်အိပ်မရတော့မဲ့အတူတူ ထလာလိုက်တော့တာ

Sing: ဟုတ်လား ပါး သားလေးက ကိုယ့်မွေးနေ့ကိုယ် သိနေတာလား 555

Sing;
ကျနော်ပြောရင်း မေးဖျားလေးကို ကလိလိုက်တော့ တခစ်ခစ်နဲ့ အသံထွက်လာတဲ့ ကျနော်တို့အိမ်ရဲ့ ဆည်းလည်းလေး ~

ဟုတ်ပါတယ် ဒီနေ့က ကျနော်နဲ့ ကြယ်လေး ရင်နဲ့ လွယ်ပြီး မွေးလာခဲ့ရတဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့လေးပါ သူလေး ကျနော်တို့ဘဝထဲ ရောက်လာတဲ့ အဖြစ်အပျက်ကလဲ မနေ့တနေ့ကလိုပါပဲ ~

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>

ချစ်မိတဲ့ကြယ်☆Where stories live. Discover now