ချစ်မိတဲ့ကြယ်☆ ~Part 8~

1.3K 81 0
                                    


Captain: အော်မနေနဲ့ အသုံးမဝင်တဲ့သူတယောက်ကို ငါ့သင်္ဘောပေါ် အလကား ခေါ်မတင်နိုင်ဘူး မင်းတောင် အသုံးဝင်လို့ ကျန်နေခဲ့တယ်မှတ် မဟုတ်ရင် အဲ့အကောင်ပြီးတော့ မင်းအလှည့်ဖြစ်သွားမှာ

Krist: ဖြစ်ပါစေ ကျနော်လဲ လိုက်သွားမယ် ကျနော့ကိုပါ ပစ်ချလိုက်စမ်းပါ

Captain: ပစ်ချရအောင် ငါကအရူးလား ဒီလောက်အဖိုးတန်တဲ့ ကဒ်လေးကို 55555

ပြောရင်း ကျနော့ကို အကျီင်္ဂုတ်နေရာကနေ ဆောင့်ဆွဲပြီး
စတိုအပြင်ကို ဆွဲထုတ်လာတယ်လေ

Krist: ခင်ဗျားကြီး လွှတ်...ကျနော့ကိုလွှတ်ပေး..လွှတ် လို့ လူယုတ်မာကြီးးး

Captain: Hey Jo ဒီကောင်လေးကို ငါ့အခန်းထဲ ခေါ်သွားပြီး နှစ်ကိုယ်ကြား လုပ်စရာလေးတေရှိလို့ ဟဲ ဟဲ အဲ့ဒါ ဘယ်သူမှမနှောက်ယှက်အောင် အပြင်ကနေ
သေချာစောင့်ကြည့်ထား ကြားလား

Jo: Yes Cap ကဲ အားလုံးကြားတယ်နော် ဘယ်သူမှ Cap အခန်းနားကပ်ဖို့မကြိုးစားနဲ့

ကျနော်ဘယ်လောက်ရုန်းရုန်း အားမတန်တော့ သူဆွဲရာနောက် တရွတ်တိုက်ပါသွားပြီး သူ့အခန်းရောက်တော့ အထဲကို ဆောင့်တွန်းလိုက်လို့ ပစ်လဲကျသွားတယ် အဲ့လူယုတ်မာကြီး ဘာဆက်လုပ်မလဲမသိချင်တော့လို့ ကျနော် လဲသွားတာကို ပြန်မထဘဲ လက်နှစ်ဖက်နဲ့ နားကိုပိတ်ရင်း မျက်စိပါစုံမှိတ်ထားလိုက်တယ်
အဲ့ဒီအချိန်...

Someone: Kit !!!

Krist: အင် Kitဆိုပါလား ငါနားကြားမှားတာဖြစ်မှာပါ ငါ့ကိုဒီလိုခေါ်တာ Sing တယောက်ပဲရှိတာဆိုတော့ ဧကန္တ ငါ..ငါပါသေသွားလို့ Sing ခေါ်တာ ကြားလိုက်ရတာလား

Someone: Hey Kit ! Kit !!!

ခေါ်သံထပ်ကြားလို့ ကျနော်မရဲတရဲနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျ..ကျနော့ရှေ့မှာ Sing ရပ်နေတာတွေ့တယ်လေ အဲ့မှာ ကျတော်တွေးလိုက်မိတယ် အော် ငါသေသွားပြီပဲ လို့

Sing: Hey Kit ငုတ်တုတ်မေ့နေတာလား သတိလေးဘာလေးထားပါအုံးကွ ငါလေ ငါ Sing

Krist: ကျ..ကျနော်သေသွားတာ မဟုတ်လားဟင် အဲ့...အဲ့ဒါကြောင့် မင်းနဲ့တွေ့တာမလား မင်..မင်းကော ငါ.ငါသေပြီးရောက်လာမယ်မှန်းသိလို့ စောင့်နေတာလားးး

ချစ်မိတဲ့ကြယ်☆Where stories live. Discover now