ချစ်မိတဲ့ကြယ်☆ ~Part 20~

1.1K 73 0
                                    


Krist;

{ L' Andrew: ကောင်းပြီလေ ကယ်တင်ရမဲ့နည်းလမ်းက အဲ့လူသားထဲ စီးဝင်နေတဲ့ လျှပ်စီးတေကို စုပ်ထုတ်ပစ်ရမှာ အဲ့လိုမစုပ်ထုတ်ခင် မင်းတို့အသက်နှစ်ခုကို အရင်ဆက်ရမယ်

အဲ့လိုဆက်ဖို့အတွက် မင်းတို့နှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုဟာ အနီးဆုံးမှာ ရှိဖို့လိုအပ်တယ် ပြီးရင် မင်းရဲ့ အမြုတေကို လူသားရဲ့ ခန္ဓာကိုယ်ထဲ ပြောင်းထည့်ပေးရမယ် နောက်ဆုံးမှ လျှပ်စီးတေကို ကုန်သွားတဲ့အထိ စုပ်ယူရမယ်

Krist: ဟို..ဟိုလေ ...

L' Andrew: ဘာ ဟိုဟိုဒီဒီလုပ်နေတာတုန်း နားမလည်ဘူးလား

Krist: ဟို ..နား ...နားလည်သလိုလိုရှိပေမယ့် လုပ်ပုံလုပ်နည်းလေးပါ အသေးစိတ်..စိတ် ...

L' Andrew: အမ် သေစမ်း ငတုံးကောင် မပြောလိုက်ချင်ဘူး အဲ့ဒါအထိ ငါက အသေးစိတ် လိုက်သင်ပေးနေရမှလား အေး နှလုံးသားနီးကပ်နေဖို့အတွက် မင်းတို့အပေါ်ပိုင်းကို ဗလာကျင်းပြီး ခန္ဓာကိုယ်နှစ်ခုကို ပူးကပ်ထားရမယ် ပြီးမှ mouth to mouth နဲ့ လွှဲပေးပြီး အဲ့ကနေပဲ စုပ်ယူရမှာ သိပြီလား

Lord Andrew ရဲ့ စကားအဆုံးမှာ မျက်နှာကြီး တခုလုံးရဲတက်ပြီး ဂနာမငြိမ်ဖြစ်သွားတဲ့ Krist တယောက် ...

L' Andrew: ဒါပေမဲ့ ဒီဆေးကို ကြိုသောက်ထားရင် မင်းပြောသလို မင်းစုပ်ယူလိုက်တဲ့ လျှပ်စီးတေက မင်းကိုယ်ထဲ မစီးတော့ဘဲ ဆေးအရှိန်ကြောင့် ပျက်ပြယ်သွားလိမ့်မယ် ရော့ တခါထဲ သောက်ထားလိုက်

Krist: Krup

L' Andrew: အေး ပြီးတော့ မင်းတို့နှစ်ယောက် တသားထဲ  ကျသွားတာနဲ့ သူ့ခန္ဓာကိုယ်က လျှပ်စီးတေကို မင်းလဲ ခံစားမိလိမ့်မယ် အဲ့ဒါကြောင့် လျှပ်စီးကုန်မကုန်ကိုလဲ အလိုလိုသိနေလိမ့်မယ်

အေး တခုတော့သတိထားရမှာက မင်း အဲ့လို စုပ်ယူလိုက်တဲ့အတွက် အားနည်းပြီး သတိလစ်သွားနိုင်တယ် ဒါပေမဲ့ မစိုးရိမ်ရပါဘူး သိပ်မကြာခင် ပြန်သတိရလိမ့်မယ် ဟုတ်ပြီလား }

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>

' Ommm အရှင့်ရဲ့ စကားအတိုင်း သေချာလုပ်မှ အောင်မြင်မှာ Krist  တခြားအတွေးတေ လျှောက်မတွေးနဲ့ P' Sing ကို ကယ်မဲ့နေရာမှာပဲ အာရုံစိုက်ထားစမ်း '

ချစ်မိတဲ့ကြယ်☆Where stories live. Discover now