ချစ်မိတဲ့ကြယ်☆ ~ Extra 4~

979 55 4
                                    


Arthit: ငါ့ဘာသာငါ ဖျားဖျား သေသေ မင်းအပူမပါဘူး

Kongpop: ဟာ P' ဘယ်လိုစကားပြောလိုက်တာလဲ

Arthit: ဟုတ်တယ်လေ မင်းက ငါ့ကိုပစ်ပြီး မင်းမိဘအိမ်ပြန်တော့မှာမလား အဲ့တော့ ခုကတည်းက ဂရုစိုက်စရာမလိုဘဲ ပစ်ထားလိုက်တော့ ပြီးရောပေါ့ ဟုတ်တယ်မလား

Kongpop;
အော် ခုဏက ကျွန်တော်နဲ့ P' Guy ပြောနေတဲ့ အိမ်ပြန်ဖို့ကိစ္စကြောင့် P' တစ်ယောက် စိတ်မကောင်းဖြစ်သွားတာကိုး

Kongpop: P' ကို ဘယ်သူက ထားခဲ့မယ်ပြောလို့တုန်း

Arthit: ဟင်

Kongpop: ဟုတ်တယ်လေ ဘာလို့ ထားခဲ့ရမှာလဲ ကျွန်တော်သွားလေရာ P' လိုက်ခဲ့ရမှာပေါ့

Arthit: အာ ဘယ်သူက မင်းနောက်လိုက်မယ်ပြောနေလို့လဲ

Kongpop: ကျွန်တော်ကတော့ P' သတိမရမချင်း P' တစ်ယောက်ထဲကို ဘယ်မှ သွားခွင့်မပြုနိုင်ဘူး ဒါပဲ

Arthit;
တကယ်တော့ ကျွန်တော်ကြောက်နေခဲ့တာ သူ …သူ ကျွန်တော့ကို ပစ်ထားခဲ့မှာ ကျွန်တော် တစ်ကယ် စိတ်ပူနေခဲ့တာ အဲ့ဒါကြောင့် ခုဏက သူပြန်မယ့်အကြောင်းကြားပြီး ဘယ်လိုမှ ဆက်မခံစားနိုင်တော့လို့ အခန်းထဲ အရင်ဝင်လာခဲ့တာ

ခု …ခုတော့ သူက ကျွန်တော့ကို သူသွားလေရာ ခေါ်သွားမှာတဲ့ ကျွန်တော်ပြောမပြတတ်လောက်အောင် ပျော်မိတယ် မင်းမှ မဟုတ်ဖူး ငါကိုယ်တိုင်ကိုက အတိတ်ကို သတိမရချင်တဲ့သူဖြစ်နေပါပြီ Kong ရာ

Arthit: Kong …

Kongpop: အင်းးးး ပြောလေ P'

Arthit: ကျေးဇူးတင်ပါတယ်

Kongpop: ဘာကိုလဲ P' ရဲ့

Arthit: ငါ့ကို လက်ခံပေးထားတဲ့အတွက်ပါ

Kongpop: P'''''

ကျွန်တော့ကို ရှည်သံဆွဲကြီးနဲ့ ခေါ်ရင်း နဖူးကို အပြေးလာစမ်းတဲ့ Kong ~

Arthit: လန့်တာကွာ ဘာ… ဘာလုပ်တာလဲ

Kongpop: မသိဘူးလေ P' က ကျွန်တော့ကို ကျေးဇူးတင်တယ်ဆိုလို့ တော်တော်လေး နေမကောင်း ဖြစ်နေတာလားလို့

Arthit: ဟာ Kong မင်းကွာ စကားအကောင်းပြောနေတာကို

Kongpop: စတာပါ P' ကလဲ ကျွန်တော်တို့ကြားမှာ ကျေးဇူးတင်စကားဆိုတာ မလိုအပ်ပါဘူး နော်

ချစ်မိတဲ့ကြယ်☆Where stories live. Discover now