Arthit;
ကျွန်တော် Kong လှမ်းခေါ်လို့ Kongနဲ့ သူ့ Marဆီ လျှောက်သွားလိုက်ပြီး အနားရောက်တဲ့အချိန် ~Krist: Huh ! Oon... Oon…!!!
Kongpop: Mar Mar ဘာဖြစ်လို့လဲဟင်
Krist: Oon … Ooon မင်း Oon မလား
Arthit;
ကျွန်တော့ကိုမြင်ပြီး အရမ်းအံ့သြသွားတဲ့ အမူအရာနဲ့ ရုတ်တရက်ကြီး ပြေးလာဖက်တဲ့ Kong Mar က ကျွန်တော့ကို သိနေတာလား ကျွန်တော်နဲ့ အတိတ်မှာ ရင်းနှီးခဲ့တဲ့သူများလား အသက်လဲ ကွာတာကို ဘယ်လိုသိမှာလဲ အာ မသိတော့ဘူးအတွေးပေါင်းစုံယောက်ယက်ခတ်ရင်း Kong Mar ဖက်ထားတာကို ဘာမှမတုံ့ပြန်နိုင်ဘဲ တောင့်တောင့်ကြီး ရပ်နေလိုက်မိတယ် အဲ့ဒါနဲ့ Kong Mar ကပဲ ဖက်ထားရာကနေ ခွာလိုက်ပြီး ကျွန်တော့ မျက်နှာကို သူ့လက်တွေနဲ့ အုပ်ကိုင်ရင်း စကားစလာပြန်တယ်
Krist: Oon တကယ်ဝမ်းသာလိုက်တာကွာ ဒီတစ်သက် မင်းနဲ့ ပြန်မတွေ့ရတော့ဘူး ထင်ခဲ့တာ
Arthit: ဟို ဟိုလေ ကျွန်တော့ကိုသိတာလားဟင်
Krist: ဟာ ငါ … ငါ Krist လေ Oon မင်း ငါ့ကို မမှတ်မိတော့ဘူးလား
Arthit: အ … ဟို ကျွန်..ကျွန်တော်က …
Kongpop: P' က အတိတ်မေ့နေတာပါ Mar အထဲအရင် ဝင်ရအောင် ပြီးမှ အေးဆေးပြောပြမယ်လေ P' ကော လိုက်လာခဲ့နော်
Krist: Humm အင် … အင်းးးး
Arthit: အင်းးး
Arthit;
Kong တစ်ယောက် သူ့ Mar ကို နားချပြီး အိမ်ထဲတွဲခေါ်သွားရင်း ကျွန်တော့ကိုပါခေါ်နေတာနဲ့ ကျွန်တော်လဲ သူတို့နောက်ကနေ အိမ်ထဲကို လိုက်ဝင်ခဲ့လိုက်တယ် ~Kongpop;
Mar က ဘယ်လိုလုပ် P' ကိုသိနေတာလား ကျွန်တော်လဲ အသေးစိတ်သိချင်ပေမယ့် Mar ပုံကြည့်ရတာလဲ တော်တော်စိတ်လှုပ်ရှားနေတဲ့ပုံမို့ အရင် ချော့မော့ပြောပြီး အိမ်ထဲကို ခေါ်ဝင်လာခဲ့လိုက်တယ် … P' လဲ သူ့အတိတ်နဲ့ ပတ်သက်ပြီး သိချင်နေမှာ ရိပ်မိပေမယ့် Mar စိတ်ငြိမ်အောင် အရင်လုပ်ဖို့လိုနေတာနဲ့ P' ကိုပါ လိုက်ဝင်လာဖို့ ခေါ်လိုက်ရင်း … အိမ်ထဲရောက်တာနဲ့ Mar ကိုကော P' ကိုပါ ဧည့်ခန်းမှာ ဝင်ထိုင်စေလိုက်တယ်

ВЫ ЧИТАЕТЕ
ချစ်မိတဲ့ကြယ်☆
ФанфикIntro Sing; လက်ထဲက ဖယောင်းတိုင်လေးကို မီးညှိပြီး ''ဘေဘီလွန် ဘေဘီလွန် Candleလေး ကြယ်ကြွေလေးဆီ ပို့ဆောင်ပေး'' လို့ ကျနော်ရွတ်လိုက်တာနဲ့ ရုတ်တရက်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရပြီး ကွင်းပြင်ကျယ်တခုကိုရောက်သွားခဲ့တယ် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျနော့...