ချစ်မိတဲ့ကြယ်☆ ~Part 17~

1K 72 0
                                    


Sing: အား ကျွတ် ကျွတ်

Krist: P' Sing P' Sing သတိရလာပြီနော်

Sing: အော် မင်းကိုး ဖယ်ကွာ ငါ့ကိုလာမထိနဲ့

Peter: မင်းဘယ်လိုလုပ်လိုက်တာလဲ Sing..Kristခမျာ မင်းသတိလစ်နေတုန်း နေ့မနား ညမနားနဲ့ ပြုစုလိုက်ရတာ မင်းက သတိရလာလာချင်း ပြောထွက်လာတာ ဒီစကားလား

Krist: ရ ရပါတယ် P' .. P' Singက ခုမှ သတိရလာစမို့ ခေါင်းရှုပ်နေလို့နေမှာပါ

Sing: ဟ ငါက အကောင်းအတိုင်းပဲ မင်းကိုမြင်လို့ ဒေါသထွက်သွားမိတာ မင်းသာ ငါ့မျက်စိရှေ့ မပေါ်လာရင် အားလုံး အေးအေးဆေးဆေးပဲကွ

Peter: မင်း .. မင်း လွန်လာပြီနော် Sing ဘာမှ ထွက်သွားစရာမလိုဘူး Krist

Krist: မဟုတ်ဖူး P' က ကျနော့ကို မမြင်ချင်ရင် ကျ..ကျနော်ထွက်သွားပေးမှာပါ ဒါပေမဲ့ မသွားခင် ကျနော်တောင်းပန်ပါတယ် P' Sing ပြီးတော့ သတိရလာပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်

Sing: အေး မင်းက ငါ့အတွက် ကံဆိုးစေတဲ့သူပဲ Krist အေးဆေးနေတဲ့ ငါ့ဘဝက မင်းရောက်လာပြီးထဲက ရှုပ်ထွေးကုန်တာ ကျေးဇူးပြုပြီး ငါ့နားက ထွက်သွားလိုက်ပါတော့

P' စကားတေကို ကျနော်ဆက်နားထောင်ဖို့ အားမရှိတော့လို့ P' အနားက ပြေးထွက်လာခဲ့လိုက်တယ် ကျနော့မှာတော့ P' နဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက် အတိုင်းမသိကို ပျော်ရွှင်ခဲ့ရတာပါ ဒါ..ဒါပေမဲ့ P' အတွက်တော့ ကျနော်က ကံဆိုးစေသူတဲ့လား ကျနော် P' ကို အဲ့လောက်တောင် နာကျင်စေခဲ့တာလားးးး

Krist: ကျနော် တောင်း..တောင်းပန်ပါတယ် ကျ..ကျနော်တောင်းပန်ပါတယ် ...

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

Krist: ကျ..ကျနော် တောင်းပန်ပါတယ် အဟင့် အဟင့် ကျနော် တောင်း ..တောင်းပန်...ပန် ..

Peter: Kristလေး Krist... Krist အော်
အိပ်မက်တေယောင်ပြီး ငိုနေပြန်ပြီထင်တယ် ဒီခလေးတော့

Krist: အင် ...အင် ..

Peter: Krist လေး  နိုးပြီလား ထ ထ အောက်ကြမ်းပြင်မှာ အေးကုန်တော့မှာပဲ Sing ကို P' တို့ တလှည့်စောင့်ပါ့မယ် အနားယူပါဆိုလဲ ပြောစကားက နားမထောင်ဘူး

Krist;

အော် ဒါ ဒါ အိပ်မက်ပဲ တော်သေးတာပေါ့ P' ငါ့ကို တကယ် စိတ်မဆိုးလို့ ...ဟင့်အင်း ဟင့်အင်း မဟုတ်သေးဘူး တကယ်ဆို P' အဲ့လို သတိရလာပြီး ငါ့ကို အော်ငေါက်နေတာမှ တော်အုံးမယ်
P' ရယ် မြန်မြန်သတိရပါတော့

ဒီနေ့ဆို P' Sing သတိမေ့နေတာ တပတ်ရှိနေပြီ ကျနော်လဲ P' Sing နားကနေ မခွာဘဲ ပြုစုပေးနေပေမဲ့ အခြေအနေက လုံးဝကိုမထူးခြားသေးဘူး

Peter: ဟာ Kristလေး အစာမစားထားပြန်ဘူးလား Krist တခုခုစားမှ Sing ကို ပြုစုဖို့ ခံနိုင်ရည်ရှိမှာပေါ့ ဒီလိုပဲ ဘာမှမစားဘဲ ငူငူငိုင်ငိုင်နေတာနဲ့ Sing က ပြန်ကောင်းလာမှာမှမဟုတ်တာ

Krist: ကျနော် စားချင်စိတ်မရှိလို့ပါ P' ရယ် P' Sing က ကျနော့ကြောင့် ဒီလို လဲနေတာကို ကျနော် ဘယ်လိုလုပ်စားဝင်မှာတုန်း

Peter: ဒါပေမဲ့ မစားလို့ Sing နိုးမလာခင် Krist လေး အားပြတ်ပြီး အရင်လဲသွားရင် ဘယ်လိုလုပ်မလဲ Sing ကို မတွေ့ချင်တော့ဘူးလား ဟင်

Krist: .....

Peter: အေးပါကွာ P' အသစ်ပြန်ပြင်ပေးထားမယ်
စားချင်စိတ်မရှိလဲ နဲနဲဖြစ်ဖြစ် စားလိုက် နော်

ကျနော်စားချင်စိတ်ကိုလုံးဝမရှိပေမဲ့ P' ကို အားနာတာမို့ ခေါင်းငြိမ့်ပြလိုက်တယ်

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>

Rome: P' Krist .. P' Krist သတိထားပါအုံး P' Kristtt
Cap Cap ဒီမှာ P' Krist သတိလစ်သွားလို့

Peter: အာာ ငါဒီလောက်ပြောထားရက်နဲ့ကွာ ဒီလောက် ခေါင်းမာပြီး အစာရက်ဆက်မစားမှတော့ အားပြတ်ပြီး လဲပြီပေါ့ Rome သူ့ကိုမပြီး ဒီဖက်ကုတင်ပေါ်တင်လိုက်

Krist;

ကျနော် P' Peter နဲ့ Rome အသံတေကို ဝိုးတဝါးကြားနေပေမယ့် ပြန်ပြောလို့မရဘူး မျက်လုံးတောင် ဖွင့်ကြည့်လို့မရဘူး ဖြစ်နေတယ် လူတကိုယ်လုံးလဲ အားမရှိသလိုပဲ ဘာ..ဘာတေဖြစ်နေကြတာလဲ P' Sing ကော P Sing ဘယ်လိုနေသေးလဲမသိဘူး မဖြစ်ဘူးးငါ..ငါထမှဖြစ်မယ် P' Sing ကို ဒီလိုမထားခဲ့နိုင်ဘူး P'...P' Sing ..P' Singggg

P' Sing ကို ရေရွတ်ရင်းနဲ့ပဲ ကျနော့ရှေ့က အရာအားလုံးဟာ တဖြည်းဖြည်းမှုန်ဝါးပြီး အမှောင်ထုကြီး ကြီးစိုးလာတယ် အော်
ဒီလောက်နဲ့ပဲ အားလုံးဟာ အဆုံးသတ်သွားတော့မှာလားးးးး

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>

ချစ်မိတဲ့ကြယ်☆Where stories live. Discover now