Krist: သေ..သေမှာ ဟုတ်လား ကျနော်သေလို့မဖြစ်သေးဘူး မသေချင်သေးဘူး ခုမှ ကောင်းကင်ကနေ ဆင်းလာခါစပဲ
ရှိသေးတယ် လုပ်..လုပ်စရာတေလဲ အများကြီးရှိသေးတယ် လူတေအကြောင်းတောင် ဘာမှမသိရသေးဘူး
အိ...အိပ်မက်နန်းတော်ကိုလဲ သွားဖို့တောင်
ဘာမှမပြင်ဆင်ရသေးဘူးလို့ အီး ဟီး ဟီးးဝူးဝူးဝါးဝါးနဲ့ တတွတ်တွတ်ရွတ်ပြီး ငိုနေတဲ့
သူ့ကြောင့် ကျနော်ဒေါသပိုထွက်လာပြီးးးးSing: ငိုမနေနဲ့ အဲ့လိုတေဖြစ်အောင် ဘယ်သူလုပ်တာလဲ အားလုံးမင်းကြောင့်ပဲ မင်းကြောင့်ပဲ လို့ တောက်
ခုတော့ ငါ့မှာ မင်းကြောင့် ရောယောင်ပြီး လိုက်သေရတော့မယ် ပါးကိုလဲ သေချာပြန်လာခဲ့ပါမယ်ပြောထားတာ မားကိုလဲ ခုထိမရှာရသေးဘူးကွKrist: ဘာလို့ ကျနော့ကြောင့်ပဲလဲ ကျနော့ကို ကွင်းပြင်ကြီးကနေ အတင်း ဖမ်းဆွဲခေါ်လာခဲ့တာ ခင်ဗျားပဲ အဲ့အိမ်ကြီးကို ပြေးသွားခဲ့တာလဲ ခင်ဗျားပဲကို
Sing: ဘာာ ဒါတေကျမှတ်မိတယ်ပေါ့ ခုနက မင်း..မင်းကို ကယ်ခဲ့တာကော ဘယ်သူလဲ ငါပဲလေ ငါ ငါဆိုတဲ့ဒီကောင်ကြီးက လျှာရှည်ပြီးကယ်ခဲ့မိတာ တကယ်ကွာ သေပါစေဆိုပြီး ပစ်ထားခဲ့ရမှာ
Sing;
ကျနော်စိတ်တိုတိုနဲ့ ပြောထည့်လိုက်တာ လွန်သွားမှန်းသိလိုက်ပေမယ့်
ဒေါသအရှိန်ကြောင့် ပြန်တောင်းပန်ချင်စိတ်မရှိတာနဲ့ ဘာမှဆက်မပြောဘဲ သက်ပြင်းချပြီး ကိုယ့်ကိုယ်ကို စိတ်ပြန်လျှော့နေလိုက်တော့တယ်Krist: ကျနော် အု..အု တောင်းပန်ပါတယ် ကျ..နော်...တောင်းပန်ပါတယ် ကျနော်...အ်...တောင်းပန်ပါတယ် ကျနော်....တောင်း...ပန်ပါတယ်.....
ရှိုက်သံတေနဲ့ သူ့ရဲ့တောင်းပန်သံ ခပ်တိုးတိုးလေးကို ကြားတော့ ကျနော်စိတ်ပြေသလောက်ရှိနေပါပြီ တကယ်တော့ ဒီလိုဖြစ်ခဲ့တာ ကျနော့အမှားလဲမကင်းခဲ့ဘူးလေ ကျနော်သိပေမယ့် တမင် မကြားချင်ယောင်ဆောင်ပြီး ငြိမ်နေလိုက်တယ်
ခနကြာတော့ တောင်းပန်သံလေးက ပို ပို တိုးးတိုးသွားပြီးးး သိပ်မကြာဘူး သူ့ခန္ဓာကိုယ်တခုလုံး ကျနော်ကျောပေါ်ကို မှီကျလာတယ် ကျနော်သိလိုက်ပြီလေ ကြယ်လေးအိပ်ပျော်သွားတာပဲ
ဒီလိုဖြူစင်တဲ့ကြယ်လေးအပေါ် ကျနော့ဒေါသတေပုံချပြီး
ဘာလို့များ အနိုင်ကျင့်နေမိပါလိမ့်...
YOU ARE READING
ချစ်မိတဲ့ကြယ်☆
FanfictionIntro Sing; လက်ထဲက ဖယောင်းတိုင်လေးကို မီးညှိပြီး ''ဘေဘီလွန် ဘေဘီလွန် Candleလေး ကြယ်ကြွေလေးဆီ ပို့ဆောင်ပေး'' လို့ ကျနော်ရွတ်လိုက်တာနဲ့ ရုတ်တရက်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရပြီး ကွင်းပြင်ကျယ်တခုကိုရောက်သွားခဲ့တယ် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျနော့...