ချစ်မိတဲ့ကြယ်☆ ~ Extra 6~

1.8K 73 13
                                    


Flash Back

Arthit;
ကျွန်တော် Kong ရေချိုးတာကြာလို့ မစောင့်နိုင်တာနဲ့ အောက်ထပ်ကို အရင်ဆင်းလာလိုက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ Kong ရဲ့ Par နဲ့ Mar ကို တွေ့တယ်

Singto: အော် Arthit လာထိုင်လေ Kong ကော

Arthit: သူ ရေချိုးနေတုန်း ဆင်းလာတာပါ

Krist: အင်း မင်း အတိတ်ကို သိချင်နေပြီမလား Oon

Arthit: ဟုတ် အရင်က အမြဲတမ်း အတိတ်ဆိုတာ ကျွန်တော့အတွက် ဘာမှ အရေးမကြီးဘူးပြောခဲ့ပေမယ့် ခုလို ဖြစ်လာတော့လည်း အမှန်အတိုင်းပြောရရင် သိချင်နေပါတယ်

Krist: အေးလေ ငါလဲသိချင်နေတာဆိုတော့ အခုပဲ စမ်းကြည့်ကြတာပေါ့

Arthit: ဗျာ အ … အခုလား

Krist: အင်း သိချင်နေပြီမလား ငါ့အခန်းကို ခဏလိုက်ခဲ့

Arthit: အ … အခန်း ?

Krist: မကြောက်ပါနဲ့ မင်းကို ကိုက်မစားပါဘူး အဲ့ဒါက မှောင်နေတဲ့ အခန်းမှာ စမ်းရမှာမို့ပါ P' ခဏစောင့်နေနော်

Singto: အင်း ရတယ် Kit

Arthit;
Kong ရဲ့ Mar က ကျွန်တော့ကို အခန်းထဲခေါ်သွားပြီး ကုတင်ပေါ်မှာ သူနဲ့ မျက်နှာချင်းဆိုင် တပ္ပလင်ခွေထိုင်စေတယ် ပြီးတော့ ဒူးပေါ်တင်ထားတဲ့ သူ့ရဲ့လက်နှစ်ဖက်ပေါ်မှာ ကျွန်တော့လက်တွေကို ထပ်လိုက်စေရင်း ပါးစပ်က တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုနေတယ်

အဲ့ဒီအချိန်မှာပဲ Kong Mar ရဲ့ ခေါင်းပေါ်က အလင်းတန်းတွေ ဖြာထွက်လာပြီး … တဆက်တည်း Kong Mar နောက်မှာ ရှိနေပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ မှန်ကြီးထဲကနေ ကျွန်တော့ခေါင်းပေါ်ကပါ အလင်းတန်းတွေဖြာထွက်နေတာကို ရုတ်တရက်မြင်လိုက်ရတယ် … ကျွန်တော်လည်း လန့်သွားပြီး လက်တွေကို ရုတ်မိတော့မလိုဖြစ်သွားတဲ့အချိန် Kong ရဲ့ Mar က ကျွန်တော့လက်တွေကို ပြန်လည်ဆုပ်ကိုင်လာပြီးပြောတယ်

Krist: မလန့်နဲ့ Oon လက်တွေကို မရုတ်လိုက်နဲ့ မျက်လုံးမှိတ်ပြီး စိတ်တွေကို စုစည်းထားနော်

Arthit;
Kong Mar စကားကြောင့် ကျွန်တော်လည်း မျက်လုံးမှိတ်ပြီး အာရုံစိုက်ကြည့်လိုက်တော့ ကျွန်တော်နဲ့ Krist (Kong Mar )တို့ ကောင်းကင်ဘုံမှာ ပြေးလွှားဆော့ကစားနေတာတွေ … Krist ကျွန်တော့ကို နှုတ်ဆက်ပြီး ကြယ်ကြွေသွားခဲ့တာတွေ … အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်တော်ဟာလည်း ကြယ်တစ်လုံးအဖြစ်နဲ့ ကမ္ဘာပေါ်ကြွေကျလာခဲ့တာတွေ …

ချစ်မိတဲ့ကြယ်☆Where stories live. Discover now