ချစ်မိတဲ့ကြယ်☆ ~Part 9~

1.3K 80 0
                                    


Krist: ကျနော့ကြောင့်...

Peter: ဟုတ်တယ် ကြယ်လေး မင်းကိုမြင်ပြီး သူ့ကို သတိရမိသွားလို့ပဲ သူဆိုတာ မင်းလို ကြယ်လေးတလုံးပဲလေ

Krist ; Singto: ဗျာာာ...

Peter: အေး P' အသက် ၁၈နှစ်မှာ ဒီလေသင်္ဘောရဲ့ အရင်ကပ္ပတိန်ဖြစ်တဲ့ P' ဦးလေးက သူ့နေရာဆက်ခံနိုင်အောင် သင်ပေးဖို့ P' ကို ဒီခေါ်လာရင်း သူနဲ့ ဒီလေသင်္ဘောပေါ်မှာ စတွေ့ခဲ့တာ

Flash Back ~

Peter;

ကျနော် လေသင်္ဘောပေါ်ရောက်ပြီး တပတ်ကျော်လောက်ကြာတဲ့အထိ ဦးလေးက အဲ့ လျှပ်စီးဖမ်းထားတဲ့ ဘူးကို ပေးတောင်မထိသေးဘူးလေ ဒါနဲ့ ဘယ်ရမလဲ ကျန်ာလဲ လူငယ်သဘာဝ စူးစမ်းချင်တာနဲ့ မိုးလေကင်းစင်လို့ အားလုံးအနားယူတဲ့ ညတညမှာ ဦးလေးအိပ်နေတုန်း အိပ်ယာဘေးနားချထားတဲ့
လျှပ်စီးဘူးတဘူးကို ခိုးပြီး လေသင်္ဘောကုန်းပတ်ပေါ် ယူလာခဲ့လိုက်မိတယ်လေ

ကုန်းပတ်ပေါ်ကိုရောက်တော့ အထဲမှာ လျှပ်စီးများထည့်ထားရင် ဘယ်လိုနေလဲဆိုပြီး သိချင်စိတ်နဲ့ ဟရုံလေးဖွင့်မိလိုက်တာကို
ရုတ်တရက်...အတွင်းက တွန်းကန်အားက အရမ်းပြင်းတော့ လုံးဝထိန်းမရတော့ဘဲ ဘူးအဖုံးပွင့်ထွက်သွားပြီး လျှပ်စီးတေ ဖုန်းခနဲ ဖုန်းခနဲ အပြင်ကို လျှောက်လွင့်ထွက်ကုန်တာ ဘူးထဲက လျှပ်စီးတေကုန်သွားတဲ့အထိပဲ
(cho ပြောချင်တဲ့ပုံစံက သေနတ်ကို မနိုင်ဘဲ တချက်ပြီး တချက် ရမ်းပြီး လျှောက်ပစ်မိနေသလိုပုံမျိုးနဲ့ ဆင်တူပါတယ် cho အရေးအသားညံ့တော့ မျက်လုံးထဲ ပုံမဖော်တတ်မှာစိုးလို့ ဥပမာပေးလိုက်တာပါ )

အသံဗလံတေကြောင့် ဦးလေးအပါအဝင် အလုပ်သမားတေ အားလုံးလဲ ကုန်းပတ်ပေါ် ပြေးထွက်လာကြတာပေါ့ သွားပြီ ငါတော့ ဘယ်လိုရှင်းပြရမလဲဆိုပြီး တွေးနေတုန်းးးး ဝုန်းခနဲ ကောင်းကင်ပေါ်ကနေ လူတယောက် ရုတ်တရက်ကြီး ပြုတ်ကျလာတယ် အနားတိုးကြည့်လိုက်တော့

Peter: ဟာ အသက်တော့ရှုသေးတယ် မသေသေးဘူးပဲ သတိလစ်နေတာနေမှာ U သူ..သူအသက်ရှိသေးတယ်

Uncle: အေး မင်းအခန်းထဲခနခေါ်ထားလိုက် သတိရလာမှ မေးကြည့်ကြတာပေါ့ မင်းလဲ နောက်တခါ ဘယ်တော့မှ ဒီလို ခိုးကြောင်ခိုးဝှက်မလုပ်နဲ့ ကြားလား

ချစ်မိတဲ့ကြယ်☆Where stories live. Discover now